16 March 2009

မှတ်တိုင်လေး

မှတ်တိုင်လေးဆိုတာ
ကားတွေရပ်ဖို့
အမှတ်အသား
ပြီးတော့
ခဏတစ်ဖြုတ်ဖြစ်ဖြစ်
မကြာမကြာဖြစ်ဖြစ်
ခရီးသွားတွေ နားဖို့ခိုဖို့

တစ်ချို့
အလေးဂရုမပြုစွာ
ဟိုခြစ်ဒီခြစ်
စာလိုကဗျာလို ချန်ရစ်

တစ်ချို့
မထီလေးစွာ
ဟိုနားတစ်ချက်
ဒီနားတစ်ချက်
ကွမ်းတံတွေးနဲ့ပက်

တစ်ချို့
ဆေးလိပ်တို မကုန်ခင်
ကားပေါ်တက်ဖို့
ပြေးထွက်လွှင့်ပေါက်ခဲ့

တစ်ချို့
.
.
.
မှတ်တိုင်ငယ်မပြိုခင်ထိပေါ့….

8 comments:

yehtutnaung said...

မှတ်တိုင်လေးနား.. ရပ်..ငေး..တွေး..
......(( ၀ူး )).........
အီ.....ကားလွတ်သွားပြီ။

khin oo may said...

မှတ်တိုင်လေး
တချို့တွေ အမှီသဟဲ အဖြစ်
အဖော်ပြူ

လေးစားစွာ ခိုနား ခရီးတထောက် .
နေ့တိုင်းဝင်လို့
အသက်ရှူ ယိုင်းပင်းလို့သာ နေကြမယ်။

Htoo Aung Lwin said...

မှတ်တိုင်လေးဘေးက ကွမ်းယာဆိုင်လေး
ဆေးလိပ်မီး သွားညှိခဲ့သေး...........ဟေး ဟေး။
:P

Anonymous said...

အဲ့..တစ်ချို့တွေထဲ I တို့မပါ U ပါသာထင်ချင်သလိုထင် E မညံ့ကြောင်းလာပြောပြတား)

ကိုရုပ်ဆိုး said...

ဟဲ ... ဟဲ .. သူငယ်ချင်းကလည်း၊ ငါ ... ကွမ်းမထွေးခဲ့ပါဘူးကွ။

ရွှေပြည်သူ (ShwePyiThu) said...

မှတ်တိုင်လေးလို လူစားတွေ အများကြီးတွေ့ဖူးတယ်... မှတ်တိုင်ကို အသုံးချသွားတဲ့သူတွေက ပိုတောင်များသေးတယ်နော်...

ဝေလေး said...

ဟိုလိုဒီလိုလူတွေထဲမပါဘူးလို့တော့ထင်တာပဲ.......
မှတ်တိုင်ပြိုရင် အသစ်ထပ်ဆောက်.... :P :P
ခုရော ယိုင်တိုင်တိုင်ဖြစ်နေသလိုပဲ....... ပြန်ပြင်ဦး

Unknown said...

မှတ်တိုင်ငယ်လေးကိုယ်စား ခံစားရေးထားတာဆိုတော့
မောင်ရွာသားလေးရော မှတ်တိုင်ငယ်လေးလိုလား
ထင်ယောင်မှားသွားတယ်