15 March 2009

သီချင်းလေးတစ်ပုဒ် ဖြစ်ခွင့်

ကိုယ်ဟာ
မင်းအတွက်
မင်းမစပ်ပေမယ့်
မင်းဆိုဖို့ အသင့်ဖြစ်မယ့်
သီချင်းတစ်ပုဒ်

ကိုယ်ဟာ
မင်းအတွက်
ဆိုပြဖို့မေ့လျော့နေလည်း
တ၀က်တပျက် မင်းနှုတ်ခမ်းက
ထွက်လာသမျှ အသင့်ဖြစ်ဖို့
သီချင်းတစ်ပုဒ်

ကိုယ်ဟာ
မင်းအတွက်
ဟောင်းသွားလို့
ချောင်ထိုးထားလည်း
ကျေနပ်နေမယ့်
သီချင်းတစ်ပုဒ်

မင်းနားထောင်မယ်ဆို
ကိုယ်ဟာ သီချင်းလေးတစ်ပုဒ်ဖြစ်ခွင့်ကို တောင်းချင်တယ်....

သီချင်းကြိုက်တဲ့ တစ်စုံတစ်ယောက်အတွက်

11 comments:

ရွှေပြည်သူ (ShwePyiThu) said...

အဟွတ် အဟွတ်... ဒီတခါ အအေးမိပြီး တကယ်ကြီးကို ချောင်းဆိုးနေတာပါ။ ကဗျာကတော်တော်ကို ကောင်းပါတယ်... ခံစားချက်ကဖြစ်လာတဲ့ ကဗျာမို့ထင်ပါတယ်။ အဲဒါကလွဲလို့ ဘာမှ ထွေထွေထူးထူး ပြောစရာမရှိပါး)

sait phay yar said...

အော် သီချင်းတွေကြိုက်တတ်တဲ့လူတစ်ယောက်အတွက်လား
ကဗျာလေးကောင်းပါတယ်
အရမ်းနုတယ်နော်...

Phyo Evergreen said...

သူကသီချင်းကြိုက်တတ်လား.. ဒါချိုလည်းဖြစ်ပေးလိုက်ပေါ့ဗျာ......။ ပလေယာကြီးကောင်းသွားပြီ..။

Anonymous said...

ကိုယ်က သီချင်းတစ်ပုဒ်ဆို ...
သေချာတယ် သူက ဂီတသံစဉ်လေးပဲ ဖြစ်လိမ့်မယ်
သီချင်းဆိုတာ ဂီတသံနဲ့ ပေါင်းစပ်လိုက်တော့မှ
ပြည့်စုံကုံလုံတာလေ ...
သီချင်းလေးရဲ့ သီချင်းလေးဖြစ်ခွင့် ရစေသတည်း ...

ခင်မင်စွာဖြင့်
ပေါ်တော်မူ :)

ThuHninSee said...

ဒီကဗျာကို ကိုယ်တိုင်တီး..ကိုယ်တိုင်ဆိုပြလိုက်ပါလား။
ဒါဆို ပိုမိုက်သွားမယ်။
အဆင်ပြေပါစေ ကိုရွာသားရေ။ ဆက်လုပ်..။
:D

JulyDream said...

မောင့်အချစ်မြားစူး....
မောင့်အချစ်မြားစူး....
ရူးရပေတော့မည်...

ဆိုတဲ့ သီချင်းလားဟင်....

khin oo may said...

အပြောကောင်းလှချည်လား

khin oo may said...

အဟွတ် ဟွတ်

ကိုရုပ်ဆိုး said...

မင်းမစပ်တဲ့ သီးချင်းတစ်ပုဒ်ဆိုပေမယ့် .... စာသားတွေကတော့ ကိုယ့်ရဲ့နှလုံးသွေးတွေနဲ့ သီကုံးထားတာပါကွယ် ...။ :)

ဝေလေး said...

ကဗျာက နုနုလေး...
ဟဲဟဲ.....
တယ်မိုက်....

p.s လှောင်တာမဟုတ်ပါ။ ကောင်းတယ်လို့ပြောခြင်းသာ...

Unknown said...

သီချင်းကြိုက်တဲ့ တစုံတယောက်အတွက်ပဲလား
ဒါဆို မမန့် တော့ဘူး (ကျော်ဖတ်လိုက်တယ်)