13 March 2009

အရှုံးအနိုင် မာနတရားနှင့် ချစ်ခြင်းမေတ္တာ ၏ နောက်ဆက်တွဲ

sait phay yar said...
ဖြေချင်တယ်။ ဆက်သွယ်ရေးတွေလွယ်ကူနေတဲ့ခေတ်မှာ တစ်ဘက်ကမဆက်သွယ်ဘူးဆိုကတည်းက
မဆက်သွယ်ချင်တော့လို့နေမှာပါ အဲဒီအချိန်မှာ တစ်ဘက်သတ်ချစ်နေရသလိုခံစားရပြီးနာကျင် ရတာတော့အမှန်ပါ ဒါပေမဲ့ ကိုယ့်ဘက်ကဘယ်လောက်ချစ်လည်းဆိုပြီး လိုက်ဆက်သွယ်နေပြန်ရင်လည်း တစ်ဘက်ကမှ မဆက်သွယ်ချင်တာကိုယ့်ဘက်ကဇွတ်လုပ်နေရင် တခြားသူအတွက် ဒုက္ခပေးသလိုလည်းဖြစ်စေပြန်တယ်လေ။ ကိုယ့်ကိုမဆက်သွယ်ချင်တဲ့သူတစ်ယောက်ကိုတစ်ကယ်ချစ်ပေမဲ့ စိတ်မဆင်းရဲစေချင်ဘူးဆိုရင်တော့ လွတ်လပ် စွာနေခွင့်ပေးလိုက်တာကပိုကောင်းပြီး ကိုယ့်ဘက်က ဘယ်လောက်ပဲသတိရပါစေ
တိတ်တိတ်လေးနေပေးလိုက်တာက ပိုချစ်ရာရောက်မယ်လို့ထင်တယ်။
ဟုတ်လား မသိ
ခံစားချက်တွေပါသွားရင်တော့ ....
မှားရင်ပြင်ပေးပါဦး ရွာစားရေ.....


အမစိတ်ဖြေရာသို့
အမရေ ဖြေပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။

ဒါပေမယ့် အမရေ မေးခွန်းတွေထပ်ရှိလာပြန်တယ်။ ဆက်သွယ်ခဲ့တယ်ဆိုတဲ့နောက်မှာ ပတ်သက်ခဲ့ဖူးတယ်ဆိုတာ သေချာမယ်ထင်တယ်။ ပတ်သက်ခဲ့တယ် ဆိုကတည်းက နှစ်ဦးနှစ်ဖက်ဆိုတာ သေချာနေပြီ။ ကျနော့မေးခွန်းက ဘာဖြစ်လို့ပတ်သက်ခဲ့သလဲ။ ရင်းနှီးမှုကနေ ဒီလို ငြိတွယ်လာမှာ မသိဘူး ဆိုတာမဖြစ်နိုင်ဘူးလေ။ သူများကို ဆော့ကစားချင်တဲ့ စိတ်သက်သက်နဲ့ ပတ်သက်ခဲ့တာလား။ ဒါမှမဟုတ် ကိုယ့်ဘေးနားမှာ ခဏထားချင်တဲ့ စိတ် (ဥပမာ တစ်စုံတစ်ယောက်ကို စိတ်နာလို့ အသုံးချလိုက်သလိုမျိုး) နဲ့ စိတ်ဝင်စားသလိုလို ဟန်ဆောင်ခဲ့တာလား။ တစ်ဖက်က ဘာအရိပ်အခြေမှ မပြပဲ မဆက်မသွယ်ပဲ မနေနိုင်လောက်အောင် တစ်ဖက်သတ်ခံစားတယ်ဆိုတဲ့လူ ရှိတော့ရှိမယ်ရှားမယ်ဗျ။

မြတ်ဆုကို ဒုက္ခပေးတဲ့ မြနှင်းဆီလို အဖြစ်မျိုးဆိုရင်တော့ လုံးဝလက်မခံနိုင်ပါဘူး။ အဲဒီဝတ္ထု… မြနှင်းဆီကို မုန်းတဲ့ အချက်တစ်ခုတည်းနဲ့ တမင်သတ်သတ်ကို မ၀ယ်ပဲထားခဲ့တာ။ မြတ်ဆုကိုလည်း ပျော့ညံ့တယ် ထင်မိပြန်တယ်လေ။ ကိုရုပ်ဆိုးပို့ပေးပြန်တော့ ပြန်ဖတ်ရင်း စိတ်တိုမိပြန်ရော။

အသုံးချချင်စိတ်တစ်ခုနဲ့ လူတစ်ယောက်နဲ့ ရင်းနှီးဖို့ ကြိုးစားခဲ့တာဆိုရင်တော့ သိပ်မမျှတသလိုပဲ။ တစ်ဖက်လူမှာ ခံစားတတ်တဲ့ နှလုံးသားရှိတယ် ဆိုတာ လျစ်လျူမရှုသင့်ဘူးလားလို့။ အထူးသဖြင့် အဲဒီလူက ခံစားမှုကို ရှေ့တန်းတင်တတ်တယ်ဆိုရင်တော့ သူ့အတွက် ၀န်ထုပ်ဝန်ပိုးပေးသလိုဖြစ်နေမယ်ထင်တယ်။

အမအကြံပေးသလို သူ့အတွက် အနှောင့်အယှက်ဖြစ်မှာစိုးလို့ မဆက်သွယ်တော့ဘူး။ ဒါပေမယ့် ရင်ထဲက အမြစ်တွယ်နေတဲ့ အချစ်စိတ်ကိုကော ဖြေဖျောက်လို့လွယ်ပါ့မလား။ နေ့နေ့ညည အချစ်အတွက်ခံစားရင်းနဲ့ ကိုကျီးညိုလိုမျိုး (၀တ်လဲတော်ပုဆိုး တန်းထိုးလို့ကြိုပါ့မယ်) အသက်အန္တရာယ်ထိခိုက်သွားမယ်ဆိုရင်ကော။ မိမိရဲ့ စိတ်အလိုကိုလိုက်ရင်း တစ်ပါးသူထိခိုက်သွားစေနိုင်တယ်ဆိုတာတော့ သတိထားသင့်တယ် ထင်ပါတယ်။ ကိုယ်ရဲ့ တခဏပျော်ရွှင်မှုအတွက် တစ်ပါးသူနှလုံးသားကို စတေးသင့်ပါရဲ့လား။

ကြားဖူးနားဝရှိတာတော့ ကိုယ်ချစ်တဲ့သူ ပြုံးပျော်နေတာကို မြင်ရရင် ကိုယ်လည်း ပျော်ပါတယ်ဆိုတဲ့စကား။ နှလုံးသားကိုရင်းပြီး သူပျော်ပါစေဆုတောင်းနေရမှာပေါ့။ သူဘာလုပ်လုပ်လက်ပိုက်ကြည့်နေရမှာပေါ့။ အဲ့လိုလား။

အစကတည်းက သူနဲ့ကိုယ်နဲ့ မဖြစ်နိုင်ဘူး။ စိတ်သဘောထားချင်းမတူညီနိုင်ဘူးလို့ သိထားရင်တော့ ဘယ်ဘက်ကပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် ဇာတ်လမ်းကို မစသင့်ဘူးထင်တာပါပဲ။

အမမေရေ ခံစားချက်တွေပါသွားပြန်ပြီထင်ပါရဲ့။ အပြင်မှာ မခံစားဖူးလို့ ဖတ်ဖူးတဲ့စာအုပ်တွေနဲ့ပဲ ကိုးကားပြီး ပြန်ဖြေသွားမိတယ်ဗျာ။ ကျွမ်းကျင်သူတွေ ဖြည့်စွက်ပေးရင်တော့ ပိုကောင်းမှာလို့…..

7 comments:

khin oo may said...

13 Mar 09, 18:54
kom: စချင်ရင်စမှာဘဲ။ ဘာဘဲဖြစ်ဖြစ်.

khin oo may said...

13 Mar 09, 18:55
ခရောင်း: သူလဲ သူ့အကြောင်းနဲ့သူ ချစ်ချင်သလိုချစ်မှာပေါ့

whiterose31 said...

dont know how to type in myarmar font..so will use myinglish naww.. "Achit so tar gyii ka shoat nay tar bel naw...bar tway mhan lel ma thi woo..but ,ko ywar tar layy write htarr telt sar tway ko tawt a yann kyaik par tel..read lo lel kg par tel...bar lo lel tawt ma thi woo..maybe im a girl who curious and care about others feeling and thoughts..khe khe :)looking forward to read more naww...

ဖိုးဂျယ် said...

အချစ်နဲ့ မီးကို မဆော့သင့်ဘူးလို့ ယူဆတယ်

khin oo may said...

ဖိုးဂျယ်က ပူဘူးတယ်နဲ့တူတယ်။ ကိုယ်တိုင်ခံစားချက်တွေ ကို မျှဝေသွားတယ။်

Anonymous said...

လူကြီးတွေကိစ္စ ခလေးတွေဝင်ပါလို့ဖြစ်ပါ့မလား ???

ကိုယ်ချစ်တဲ့သူပျော်ရင် ကြေကွဲပေမယ့်ကျေနပ်တယ်လား အဲ့တာလည်းကြားဖူးတာပါ ။

Unknown said...

စာအုပ်တွေဖတ်ပြီး ကိုးကားပြီးဖြေတယ်
အတွေးတွေလွန်ပြီး လက်တွေ့ မှာ စိုးရိမ်စိတ်များနေရင် တော့ မြင်ယောင်မိတယ် လေးမောင့်စံကျောင်း
(တို့ က စာတွေ သိပ်မဖတ်ဘူးတော့ သိပ်မသိဘူး မကျွမ်းကျင်လို့ ထပ်မဖြည့်တော့ဘူး)