21 February 2009

ဖက်ဆွတ်မိုးတမ်းခြင်း

ရွက်ဟောင်းရယ်
ညှာခြွေ
ကူလို့ရယ်
ရွာပေးသတဲ့

ကြာညောင်းကယ်
ရွက်ကြွေချင်ငဲ့
ကူမယ့်သူ
ရွက်ခြွေမိုးက
သူပုန်းကာ
မခို့တရို့မို့
လေအဝှေ့မှာ
လှုပ်မိပါရဲ့
ကြွေလင့်ရယ်နိုး.....

5 comments:

Anonymous said...

လှုပ်ချလိုက် ကျလာလိမ့်မယ် မိအောင်တော့ဖမ်း :P

mirror said...

မိုက်တယ်ဗျ...။ရေးတတ်လိုက်တာ သူတို့များကျတော့လဲ။

Unknown said...

သူများခံစားပြီးရေးထားတာကို
နောက်သလိုဖြစ်မှာစိုးလို့ပါ။

ရွှေပြည်သူ (ShwePyiThu) said...

ဘာကိုမှန်းမသိ သနားသွားမိတယ်... (ကိုရွာသားလေးကို မဟုတ်တာတော့ သေချာပါတယ်း)

ကဗျာကောင်းတစ်ပုဒ်ပါ...

Unknown said...

ဟင် မိုနိုပိုလီကစားရင်းနဲ့  ခံစားတာလား
အကွက်ရွှေ့ ရင်းနဲ့  နေရာဒေသပြောင်းတော့
စိတ်ကလေးကလည်း အဲ့လို ခံစားသွားတာနေမှာပေါ့
ကဗျာလေးက တမျိုးလေးပဲ
သစ်ရွက်လေး လှုပ်တာတောင် မြင်ယောင်မိသွားတယ်