02 January 2009

ရေထဲကအပြာ


ရေထဲမှာပြာနေတယ်
ပြာလဲ့လဲ့ထင်နေတယ်
မဟုတ်ဘူး
ပြာနေတာ
ရေပြင်မဟုတ်ဘူးလေ
ရောင်ပြန်ဟပ်နေတဲ့အလင်းပါ။

ရေပြင်က
ရေပြင်ပါ
အပြာကအလင်းပါ
ရေပြင်မှာ
လာထင်တဲ့အပြာလွင်ကို
မရောထွေးလိုက်ပါနဲ့

ရေထဲကအပြာပါ
ရေပြင်အပြာမဟုတ်ရပါ။

ရေထဲကအပြာ

8 comments:

Anonymous said...

ကွိကွိ.. တူ့ဟာတူနေတဲ့ရေကိုတွားပီး။းP
အဟီး.. သားသားတို့က ရေပြာပြာမြင်ရင်ကူးချင်တာပဲသိတယ်။

ဇင်ယော် said...

ဟုတ်ပါ့ ကိုရွာသားရယ် ရေထဲ ဘယ်သူက အလင်းပြာတွေ လာသွန်သွားလဲ သိပါဘူး။ ရေပြင်ထဲက အပြာလွင်ကို မြင်မိတော့ မြေပြင်မှာ ကညာခင်ကို သတိရမိတာ တားတားအပြစ်လားဟင် ငှင်ငှင် ဟီး။

ATN said...

အင်း... ကရေတန်နဲ့ ဇင်ယော် ပြောသွားတာနဲ့ ကိုယ်တောင် ဘာပြောရမှန်းမသိဘူး ဖြစ်သွားတယ်...း)

Anonymous said...

ပြာတာကရေ
ရေတာက ပြာ
ပြာတာနဲ့ ရေကို ပနာစပ်ပြီး မောင်ရွာသားမှ လုပ်ဇတ်ဖြင့်ကဗျာတစ်ပုဒ်း)

ရေကပြာမှာပေါ့ အပေါ်မှာ အပြာရောင် မီးချောင်းကြီးတွေ ထွန်းထားတာကိုးးး ညကမူးနေတော့မတွေ့ဘူးဟုတ် ဒါကြောင့်ပြောတာ လျှော့သောက်ပါဆို ။

မောင်ပိစိ said...

ဟုတ်ပါဘူး
ရေထဲ"ထင်"နေတဲ့ အပြာပါ။

ကိုရုပ်ဆိုး said...

ဒါကြောင့်ရှေးလူကြီးတွေ ပြောတာပေါ့ .. တံလျှပ်ကို ရေထင် ရွှေသမင် အလိုက်မှားလေခြင်းတဲ့ .... ရွာသားရေ .. လောကမှာ အရိပ်စစ် ဆိုတာ R Zarni ကွ။

sait phay yar said...

၇ွာသားရေ.. နှစ်သစ်မှာတော်တော်လေးသောက်လိုက်တယ်ဟုတ်
ဒါကြောင့်စာတွေတောင် ပြာတာတာ
အဲ ဟီဟီ
တအားတွေတွေးနေတာ လိုက်တောင်မမှီတော့ဘူးနော်
ကောင်းပါ့ဗျာ စာတွေလေ့လာသွားပါတယ်

Unknown said...

ပြာလွင်လွင် ဝေဟင်ထဲ ဆိုတဲ့ သီချင်းပဲ ကြားဖူးတာ
ခုတော့ ပြာလွင်လွင် ရေပြင်ထဲ လို့ ပြောင်းဆိုရမယ်
ဟုတ်ကဲ့ ရောထွေးမသွားပါဘူး ရေပြင်က အပြာမဟုတ် ဘူးဆိုတာ ဒါပေမယ့် စိတ်သည် တခါတရံ ထင်ရောင်ထင်မှားဖြစ်တတ်တယ်ဆိုသလို ရေပြင်ပြာပြာလို့ တော့ အမြဲလို ထင်မိတတ်ကြတာပါပဲ