21 January 2009

မတမ်းတပါနဲ့

ဟိုးကောင်းကင်မှ
မိုးစက်တွေက
ရွာချင်သလိုရွာချတတ်ပါတယ်

တချို့ပက်မယ်
တချို့စင်မယ်
စောင်းချင်တဲ့ဘက်စောင်းမယ်
ဘေးထွက်ချင်လည်း ထွက်ပါလိမ့်မယ်

ဘယ်သူမို့
ဘယ်သို့ဆိုစေ
မရည်ရွယ်တာကြောင့်

တစ်ချက်တစ်ချက်
မိုးပက်တာနှစ်သက်ရင်လည်း
နှစ်သက်မယ်

တစ်ဝက်တစ်ပျက်နဲ့
စိတ်ပျက်ရင်လည်း စိတ်ပျက်မယ်

ဒါပေမယ့်
မိုးရွာနေတုန်းခဏမှာ
မိုးရေတွေနဲ့
တသားတည်းမဖြစ်တောင်
မိုးကောင်းကင်ကို
အပြစ်မတင်လိုက်ပါနဲ့

နောင်အခါ မိုးခေါင်မှ
မိုးပြန်ရွာဖို့ကို
မတမ်းတစေချင်လို့ပါ…..

12 comments:

တန်ခူး said...

အစိုးမရခြင်းတွေကို မေ့လျော့နေတဲ့အခါ တမ်းတခြင်းတွေ ၀င်လာတတ်တယ် ထင်တယ်…
ဖြစ်လာတဲ့ အခြေအနေမှာ ရတဲ့ အခွင့်အရေးကို လက်လွတ်မခံပဲ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့  သတိပေးလိုက်တဲ့ ကဗျာလေး အတွက် ကျေးဇူးပါရွာသားလေးရေ…

Anonymous said...

အလဲ့ ...မိုးပြေးပေါ့း)

သိပ်မမှီလို့ ခုန်ဖတ်သွားပါတယ် ကဗျာလေးကတော့ ချစ်စရာ ။ဆုံးမသလိုလို သတိပေးသလိုလို အရေးလေးတွေလည်းပါတာမို့ မှတ်သားသွားပါတယ် ကျေးဇူးပါ ။

sait phay yar said...

နောင်အခါ မိုးခေါင်မှ
မိုးပြန်ရွာဖို့ကို
မတမ်းတစေချင်
အဲဒါလေးကြိုက်တယ် သတိပေးချက်ကလေးနော်

Unknown said...

ချစ်ခြင်းတရား နဲ့ ဥပေက္ခာတရားဆိုတာ တကယ်တော့နီးနီးလေးပါ ဆိုတာကို အသိထဲဝင်လာစေတယ်လို့ခံစားရတယ်ဗျ.............

mirror said...

ကြိုက်တယ်။နောင်တတွေနဲ့ ဆွေးမနေဖြစ်အောင် လှန့်လိုက်သလိုပဲ...ကိုယ်ခံစားရတာကိုပြောတာပါ။
ဟုတ်ချင်မှလဲ ဟုတ်လိမ့်မပေါ့။....။

လေးစားခင်မင်လျက်
mirror

မောင်ပိစိ said...

မိုက်ပြန်ဘီဟ... :) ဟုတ်တယ်.. မတမ်းတစေချင်ဘူး.. but မိုးခေါင်မှ မိုးရဲ့ တန်ဖိုးကို သိမှာလေ.. အဲလိုတွေ များတယ် ဘီလိုလုပ်မလဲ...

လင်းဒီပ said...

မိုးရွာတုန်းမှာ ရေမခံမိလို့ အခု ရေငတ်နေပြီဗျ..

Rita said...

တော်ချက်..ဒီလ post (၂၀) တောင်တင်ပြီးပြီ ..ရေးနိုင်ရန်ကော..မနာလိုဖြစ်လာပြီ..ကောင်းလဲကောင်းတော့ ပိုပြီးမနာလိုပါ

ရွှန်းမီ said...

ကဗျာကြည့်ပြီး မိုးရွာနေတုန်းပဲ လို့ မှတ်လိုက်ပါတယ် :-)

မီယာ said...

မိုးခေါင်မှ မိုးပြန်ရွာဖို့ကို မတမ်းတ ဖြစ်အောင် မိုးရေတွေနဲ့ ဆော့လိုက်ဦးမယ်...ကဗျာလေး ကြိုက်တယ်။ မရေးတတ်တော့ သူများရေးတာတွေပဲ ဖတ်နေရတာနဲ့ ပျော်ပါတယ်။

Unknown said...

မိုးရွာတုန်း ရေခံဆိုတဲ့ စကားလေးကို ပြန်သတိယသွားပြီ
ကဗျာလေးတွေ ရေးတာ သိပ်ကောင်းတယ်

သက်ဝေ said...

ခုရက်တွေ မိုးက ဆက်တိုက်ရွာနိုင်လွန်းတော့...
နေလို့ မကောင်းဘူး...
မိုးကောင်းကင်ကြီးနဲ့ မိုးရေစက်တွေကို အပြစ်မတင်ချင်ပါဘူး...
ဒါပေမယ့်...