07 January 2009

ပြတ်လုပြတ်ခင် ကြိုးတစ်ချောင်း

ကြိုးတစ်ချောင်းက ပြတ်လုပြတ်ခင်လေးမှာပါ။ ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ ဖြစ်အောင် တဲတဲလေးကျန်နေတဲ့ကြိုးတစ်ချောင်းပါ။ ကြိုးဆိုတာ ပြတ်သွားရင် ပြန်ဆက်လို့လွယ်ပေမယ့် အထုံးတွေတော့ ကျန်နေတတ်တယ်လေ။

ဒီကြိုးရဲ့ တစ်ဖက်နဲ့တစ်ဖက် ဘာတွေများဆက်စပ်ကြတာပါလိမ့်။ ပြတ်လုပြတ်ခင်ဖြစ်ရတဲ့ အကြောင်းရင်းကကော။

မူလအစကတည်းက ကြိုးစကို ဆက်သွယ်မိတာ ညာဘက်ကပါ။ ဘယ်ဘက်ကတော့ သူလာဆက်သွယ်လို့ အားနာစွာချိတ်ဆက်မိပုံပါပဲ။ ဘယ်ဘက်အတွက် ညာဘက်ပို့သမျှပေါ့။ ဘယ်ဘက်ကတော့ ခပ်တည်တည် ခပ်တင်းတင်းပါပဲ။ ညာဘက်ဆီကနေ အလိုအလျောက်မတောင်းဆိုရပါပဲ ကျလာတတ်တဲ့ အရာတွေအတွက် သူဘာပူစရာလိုမှာလဲ။ တကယ်ကို အဆင်ပြေချောမွေ့နေတာပေါ့။

ဒါပေမယ့် တစ်ဖက်သတ် ဆင်းနေရတဲ့ကြိုးလေး ကြာရှည်လေးမြင့်တော့ တရားသဘောကိုဆောင်ချင်လာတယ်။ တစ်ချိန်လုံးတစ်ဖက်ထဲကိုပဲ သုံးနေရတော့ နာလာတယ်ထင်ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ သွားလာနေရတဲ့ လမ်းကြောင်းတစ်လျှောက် ကြိုးလေးက ပါးသည်ထက်ပါးလာတယ်။ လေးလံတဲ့အရာတွေမှသည် ပေါ့ပါးတဲ့အရာတွေအထိ။ အစကတော့ သိပ်မသိသာဘူးပေါ့။ နောက်တော့လည်း ကြိုးမျှင်လေးတွေ ဟိုတစ်စ ဒီတစ်စ ပြတ်လာခဲ့တယ်။

ဇက်ခနဲတော့ ပြတ်မသွားခဲ့ပါဘူး။ ဘယ်ဘက်လိုတဲ့အရာတွေ ဒီနေ့အထိ ညာဘက်က ပို့ပေးနေပါသေးတယ်။

ပြတ်တောက်သွားခဲ့ရင် ဘယ်လိုနေမလဲဆိုတဲ့ အခြေအနေကို ဘယ်ဘက်က စဉ်းစားမိလား မသိပါဘူး။ ညာဘက်ကတော့ ဘာလုပ်ရမလဲတွေးနေမိသေးတယ်။ တကယ်တော့ မတွေးသင့်ဘူးထင်တာပဲနော်။ ကျနော်သာ ညာဘက်ဆိုရင်တော့ မြန်မြန်ပြတ်ပါစေဆုတောင်းမိမလားပဲ။

အခုတလော လေတွေကလည်း သိပ်တိုက်ပါတယ်။ ကြိုးလေးကလဲ ဟိုရမ်းရမ်း ဒီရမ်းရမ်းနဲ့။
ပြတ်နိုး ပြတ်နိုးပါပဲ။ ပြတ်လုပြတ်ခင်ကြိုးလေးတွေ ဘယ်အချိန်မှာများ ပြတ်မှာပါလိမ့်။ မပြတ်ပဲကော ဆက်လက်ဖြစ်တည်နေမှာလား။ အခုတော့……………

15 comments:

Anonymous said...

ဟင်း....ပြတ်တော့မှာလား ဒီတစ်ခါ သံမဏိကြိုးကိုဝယ် အဲ့တာဆိုမပြတ်တော့ဘူးး ။
စတာပါ ကြိုးဆိုတာ အပေးယူမျှတရင်တော့ အဆင်ပြေမှာပါ ပြတ်စရာအကြောင်းလည်းမရှိ တစ်ခါခါ ကိုယ်က အလျှော့ပေးတယ်ထင်ရပေမယ့် ဆွဲနေတာကို ကိုယ်တိုင်လည်း သိချင်မှသိမှာပေါ့ ။ ပြတ်သွားရင်တော့ ဘယ် ကော ညာ ပါ အကျိုးမရှိဘူးထင်တာပဲ (ထင်တာနော် တကယ်မသိဘူး ) သို့သော်ပျက်စေချင်လို့ ဓားလေးနဲ့ အသာကလေး ဆွဲတိလိုက်ရင်တော့ ဒီကြိုးပေါ်မှာ မတရားဘူး ။


စာရေးသူက အထာတွေနဲ့ရေးတော့ ဖတ်သူကလည်း ဖတ်ချင်တာဖတ် ရေးချင်တဲ့ ကော့မန့် ရေးခဲ့တယ် ။ ဒါပဲ ဂလောက် ( ဒီတစ်ခါ ကော့မန့်ဖျက်ရင် နောက်နောင် လုံးဝ လာမပွက်ပါ )

:P said...

မနေ့က ဖိနပ်သဲကြိုး၊ ဒီနေ့ ဘာကြိုးပြတ်မှာပါလိမ့်...???

Rita said...

ဒီလထဲမှာ တော်တော် ပြတ်တယ်နော်

david santos said...

Excellent work!
Congratulations!!!!

ATN said...

ပြတ်ချိန်တန်ရင်တော့ ပြတ်သွားမယ် ထင်ပါရဲ့...

Moe Cho Thinn said...

အဲဒီကြိုးက သံယောဇဉ်ကြိုးဆိုရင်တော့ လိုတာပို့ရတာတွေ မပို့ရတာတွေ မတွက်ပါနဲ့တော့။
ကိုယ်က ဖြည့်ဆည်းပေးချင်စိတ်ရှိနေသေးရင် ဆက်လုပ်၊ ဒါကို ၀န်ထုပ်ဝန်ပိုး လို့ ထင်လာရင် ဆက်မလုပ်နဲ့တော့။
အတွေးလေး လှတယ် ရွာသား။ နေမကောင်းတာ လာမေးလို့ ကျေးဇူးပါ။ ခုထိ သွားကိုက်တာ ခံရတုန်း။ ဖျားတုန်း။ စာပြန်ရေးဖို့ ကြိုးစားမှာပါ နေကောင်းရင်လေ..

မီယာ said...

ဟုတ်တယ်နော် ကြိုးကိုပြန်ဆက်လို့ ရပေမယ့် အထုံးရာလေးတော့ ရှိသေးတာပဲ။ တွေးစရာ...

ThuHninSee said...

ပြတ်နေတာတွေချည်းပါလား။ ချစ်သူက..
အားလုံးကိုပြတ်သွားအောင် မင်းဖြတ်ရင်ဖြတ်..
ဒါမှမဟုတ်ရင် မင်းငါ့ကိုဖြတ်လို့...... သီချင်းလေးနဲ့
ရာဇသံပေးထားလားမသိ။ ရွာသားလေးဆိုတော့ သူ့ ချစ်သူက ကွန်းတောင်ကိုင် မရွှေမိပဲဖြစ်မယ်။ :P

ကဗျာမလေး said...

ညာဘက်ကြိုးလေးက ပြတ်ချင်ပုံမပေါ်ပါဘူး ... ဆက်မလျှောက် နောက်ပြန်မလှည့်ဘဲ ရောက်တဲ့နေရာမှာပဲ ကျေနပ်စွာနဲ့ ငြိမ်ငြိမ်လေးရပ်နေမယ်ဆိုရင် ကြိုးလေးမပြတ်တော့ဘူးပေါ့ ..... ဘယ်ဘက်ကြိုးကလည်း အရမ်းမတင်းဘဲ နည်းနည်းတော့ လျှော့သင့်တာပေါ့ ... ညာဘက်ကပို့သမျှကို ယူခဲ့ပြီးပြီပဲ ထိုက်တန်တဲ့ အကျိုးခံစားမှုတော့ ပြန်ပေးရဦးမှာပေါ့...။
ဆိုင်လားတော့မသိဘူးနော် ပြောကြည့်တာ..... ချမ်းမြေ့ပါစေ။

ကိုရုပ်ဆိုး said...

အင်း ...
ဘယ်ဘက်, ညာဘက်
ကြိုးနှစ်ဖက်
အင်း.........

ကြယ်ပြာ said...

ဘယ်ဘက်နဲ့ ညာဘက် ... တကယ်ကတော့ နှစ်ဘက်စလုံးက ကြိုးတစ်ချောင်းတည်းမှာရှိနေတာပဲလေ ...
ပြတ်သွားရင်လဲ ပြတ်စတစ်စဆီမှာ ဘယ်နဲ့ညာရှိနေဦးမှာပါပဲ ....

ဂရေစ့် said...

ကျောင်းတုန်းကသင်ဖူးတဲ့နိယာမကတော့ သက်ရောက်တဲ့အားပမာဏနဲ့  အားသက်ရောက်ခံရတဲ့မျက်နှာပြင်ဧရိယာဟာပြောင်းပြန်အချိုးကျပြီး အားရဲ့ ပမာဏကလဲမျက်နှာပြင်ပေါ်ကိုသမစွာပျံ့နှံ့ တယ်တဲ့။
အဲဒီကြိုးစလေးကလဲသူ့ ပေါ်သက်ရောက်တဲ့ဝန်နဲ့ သူခံနိုင်တဲ့အားပေါ်မှာပဲမူတည်ပါလိမ့်မယ်။ တဖက်စကိုတော့နေနိုင်လိုက်တာ ၀န်မထမ်းရဘူးဆိုပြီးအပြစ်မမြင်သင့်ဘူးလေ။
လူတွေလဲဒီလိုဘဲ… ကျရောက်လာတဲ့ကံတရားနဲ့  ခံနိုင်အားပေါ်မှာပဲမူတည်ပါတယ်။ တူညီတဲ့နိယာမပေါ်ရပ်တည်နေကြတဲ့သူအချင်းချင်းအခြေအနေမတူညီမှုကြောင့်ရလဒ်ကွာတာကိုတော့နားလည်ပေးလိုက်ပါ။

RePublic said...

ညီရွှာသား ဘာကြိုးလဲကို သာပြောပြပါလေ ၊၊

Unknown said...

ပြတ် သွား ရင် နောက် တစ် ချောင်း ထပ် ၀ယ် ပေါ့

Unknown said...

ဖတ်ရင်း စဉ်းစားမိတာက တခုခုကို ရည်ရွယ်ပြီး ရေးထားသလိုပဲ (ရောက်တတ်ရာ၂လို့ ဆိုပေမယ့် သေ၂ချာ၂စဉ်းစားသွားတယ်) တင်းလွန်းရင်လည်းပြတ်တတ်တယ် (စိတ်ကြီးလွန်းရင်လည်း အဲ့အတိုင်းပဲနော့)