02 January 2009

မနေ့ညက

မနေ့ညက ဘာတွေလုပ်ခဲ့ပါလိမ့်။ ပျော်စရာတွေရှာနေခဲ့တာပါလား။ ရုံးကနေ ညနေ ၄နာရီမှာပြန်လာခဲ့တယ်။ တစ်နေ့လုံး သူငယ်ချင်းတွေကို ဖုံးဆက်မိတယ်။ ဒီညဘာလုပ်ဖြစ်မလဲဆိုပြီး။ ဒီည လုပ်ဖြစ်ခဲ့ပါတယ် ကောင်းမယ်ထင်တာတွေ လုပ်ဖြစ်ခဲ့တယ်ထင်တာပါပဲ။

ရုံးကအစ်မကြီးက သူ့အိမ်မှာ ကောက်ညှင်းပေါင်းနဲ့ အကြော်စုံစားရင်း နှစ်သစ်ကိုကြိုကြမယ်ဆိုပါတယ်။ သူ့အိမ်ကိုရောက်တော့ ၆နာရီကျော်နေပြီ။ အကြော်ပွဲကစနေပါပြီ။ ထုံးစံအတိုင်း MIT ကအစ်ကိုကြီးတွေ အစ်မကြီး တွေ့ဆုံပွဲပါ။ မိန်းကလေးတွေက မီးဖိုချောင်မှာကြော်။ အမျိုးသားတွေကတော့ အိမ်ရှေ့မှာ စားရင်းသောက်ရင်း TV ကြည့်။ တစ်ပွဲပြီးတစ်ပွဲလာတဲ့ အကြော်ပွဲတွေမကုန်မချင်း။ ကျနော့ ရည်ရွယ်ရင်း သီချင်းဆိုချင်တဲ့ကိစ္စ မအောင်မြင်ခဲ့ပါဘူးခင်ဗျာ။ အဆိုတော်ကို ကြောက်လို့ တီးဝိုင်းဆရာက မလာရဲဘူးတဲ့ဗျာ။

နောက်တော့ ကိုဇင်ယော်ဆိုတဲ့ အစ်ကိုကြီးကို ခေါ်ပါဗျာလို့တောင်းပန်တယ်။ သူတို့နဲ့လိုက်ချင်လို့ပါဆိုတာ မခေါ်ဘူးဗျာ ထားပစ်ခဲ့တယ်။ (စတာနော် ပျံမပြေးချင်တဲ့ကိုဇင်ယော်)။ ကိုကြီးဝီကလည်း သူတစ်ယောက်တည်း အပျော်ရှာပါတယ်။ ညီရွာသား ညီရွာသားဆိုပြီး အမြဲထားခဲ့ပါတယ်။ အစကတော့ မပြောဘူးလို့ပဲ အခုတော့ စိတ်အရမ်းနာလို့ပါခင်ဗျာ။

သူငယ်ချင်းတစ်ယောက်က ဓါတ်ပုံရိုက်ချင်တယ် ကင်မရာယူလာမယ်ဆိုတော့ အဲဒီ countdown ဘက်ကို ဦးလှည့်ရပြန်ပါတယ်။ နဂိုတည်းက အိမ်မပြန်ချင်တာနဲ့တော့ တွေ့ပြီလေ။ ဒါနဲ့ countdown လုပ်မယ့်နေရာရောက်တော့ သူငယ်ချင်းက သူ့မှာကိစ္စမပြတ်သေးလို့ပါတဲ့။ ဆိုတော့ ပတ်လို့ရတဲ့နေရာမှာ သုံးလေးပတ်လောက်ပတ်လိုက်သေးတယ်။ မနေနိုင်တဲ့အကျင့်နဲ့ ဈေးတွေဝယ်မိပြန်ရော။ လျှော့ဈေးဆိုတာကိုးဗျ။ မရတော့ဘူး မျက်စိပိတ်မှဖြစ်မယ်ဆိုပြီး Starbuck ကိုဦးလှည့်ထွက်ခဲ့ရတယ်။ ဆိုင်ထဲမှာ အမှာကောင်းလို့ အအေးနှစ်ခွက်နဲ့ ငွေ ၁၁ ကျပ်ရှင်းခဲ့ရပြန်ရော။ အဲလိုတတ်ယောင်ကားလုပ်မိတာလေ။ အအေးကိုမကုန်ကုန်အောင် သောက်ရင်း ဆိုင်ထဲမှာ စောင့်ပေါ့။

သူငယ်ချင်းလာတော့ ၁၁:၄၅မိနစ်ဖြစ်တော့မယ်။ များပြားလှတဲ့လူအုပ်ကြားမှာ တိုးရင်းဝှေ့ရင်း တစ်နေရာစာကို အမိအရယူလိုက်ရတယ်။ ရိုက်ခါနီးတော့မှ ဓါတ်ခဲကကုန်နေပြီ။ သူများတွေကလည်း အော်နေပြီ။ အမြန်လဲ ပြီးတော့ Lens ကလည်း အဆင်မပြေပြန်။ တစ်ခါအမြန်မြန်လဲ။ ကဲ စဖောက်ပြီဆိုတော့ အလင်းက ချိန်လို့မရ တကယ့်ကိုးလို့ကန့်လန့်။ အခုဓါတ်ပုံကိုကြည့် အဲလိုမျိုးတော်တာ။

ဖုံးကွယ်ထားသောလက်ရာအမှန်များ.....





ပြီးသွားပြီဆိုတော့မှ ပြန်ကြည့်ဖြစ်တယ်။ တော်တော်ညံ့ပါလားနော်။ အကောင်းဆုံးဆိုတဲ့ ပုံလေးတွေကို ကြယ်ရောင်စုံတဲ့ညအဖြစ် မျှဝေခဲ့တယ်။ မကောင်းတာတွေကိုတော့ ဖျက်ပစ်မလို့။ အဲလို…

အိမ်ပြန်ုဖို့လမ်းလျှောက်ရင်း လက်တဲ့စမ်းတာလေးတွေလည်း မျှဝေပေးလိုက်ပါတယ်။ လမ်းလျှောက်နေတဲ့လူတွေ ရေထဲက အရောင်တွေ။ ပြီးတော့ လမ်းမီးတိုင်လေးတွေ။ ညဘက်ရှုခင်းတွေ။ လက်တည့်စမ်းနေမိတော့တာ။







ပြီးတော့ကျနော့အတွက် အလွမ်းပြေမယ့် နေရာလေးမှာ ထိုင်ခဲ့တယ်။ အရိပ်အယောင်လေးပဲဖြစ်ဖြစ် အငွေ့အသက်လေးပဲဖြစ်ဖြစ် နှစ်သစ်မှာ ကျနော်နဲ့အတူရှိစေချင်တယ်လေ။

နောက်ဆုံးရထားနဲ့ အိမ်ကိုပြန်ခဲ့တယ်။ ဆင်းရမယ့်ဘူတာရောက်တော့ အိပ်ပျော်ရာက လန့်နိုးလာလို့တော်ပါသေးရဲ့။ လမ်းလျှောက်ရင်း ဗိုက်ကဆာလာတာမို့ အိမ်နားမှာပဲ ကြက်ဥပလာတာစားရင်း ကိုဇင်ယော်ကို နှုတ်ဆက်ပါတယ်။ ဆန္ဒမပြည့်သွားတဲ့ ဇင်ယော်လည်း တော်တော်လေး ကဲခဲ့ပုံပါပဲ။ နောက်တော့နှစ်ယောက်စလုံး ဖုန်း ဘက်ထရီကုန်သွားတာမို့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။

အိမ်ကိုရောက်တော့ မအိပ်ချင်တော့ပြန်ဘူး။ ဓါတ်ပုံတွေ တင်ရင်း စာတွေဖတ်ရင်း နှစ်သစ်ကူးကို လိုက်နှုတ်ဆက်နေမိတယ်။ အရမ်းငိုက်လာမှ သတိထားမိတော့ မနက်၎:၄၅ ရှိနေပြီလေ။ ၁ရက်နေ့မနက်ခင်း ကို အိပ်စက်ခြင်းနဲ့ကြိုဆိုလိုက်တာ နေ့လည် ၁၂:၃၀ မှ ပြန်သတိရလာတယ်။ သြော်နှစ်သစ်ရောက်ပြီပဲ……………………ဗိုက်ဆာတာဗျို့ဆိုပြီး စအော်မိတယ်.....


ဘကြီးဦးလေးက ရေးပေးပါဆိုလို့ ရေးပါတယ်….

11 comments:

khin oo may said...

ကောင်းတယ်။ (စိတ်ပျက်ဘို့.)ခွိ.

khin oo may said...

ညီရွာသား ဘဝ တစ်ခုမှလဲ အဆင်မပြေဘူး။ ဘဝများဆိုးပါတယ်။ မျက်ရည်တွေ ကို မျက်နှာသုတ်ပုဝါနဲ့သာ ညှစ်ချချင်တော့တယ်။

khin oo may said...

မူရင်းဓါတ့်ပုံတွေ ကလည်းသိတ်ရယ် ရတယ်။ တုန်မှူန်ဝါး။ မဖျက်ပါနဲ့လေ.အမှတ်တရ..ဒါမျိုးတမင်၇ိုက်တာတောင် မရ..အောက်ဆုံး ၂ ပုံက မဆိုးပါဘူး. နောက်ဆုံးပုံကတော့ ပိုစ်စကဒ် တောင် ထုတ်လို့ရတယ်။ တကယ်ပြောတာပါ။

khin oo may said...

ရည်းစားမရှိတာပါ တွေးပြီူး ငိုသွားပေးတယ်။ ကိုယ်စား.။

RePublic said...

ညီရွာသား ..လက်တဲ့စမ်းတာလေးတွေ မိုက်ဒယ် ၊၊ ပိုမိုကျွမ်းကျင်အောင် များများစမ်းပါလေ (ဓာတ်ပုံရိုက်ခြင်း) ၊၊ နောက်ဆုံး ရထား ၊ နောက်ဆုံးအတွဲ ကတော့ နာမယ်ကြီးဗျို့၊၊
အားရပါးရ ကဲတာ ကောင်းပါတယ် ၊၊လုပ်ပါ ၊၊

RePublic said...

ကောင်းဗျာ့ ၊၊ မဂွိ က လက်သွက်ပါ့ဗျာ ၊၊ ကိုက်ရေးတုန်းလေးတင် ၊၊ များပီ ၊၊

khin oo may said...

2 Jan 09, 12:42 AM
MayMoe: ကိုရွာသား သက်သက်သာသာ ဆေးပဲသောက်လိုက်ပါ ဝယ်ပေးရမလား ဘယ်လောက်ကုန်ကုန် အချင်းcချင်းပဲ ရပါတယ်

Anonymous said...

ရေးပေးတာကျေးဇူး နောက်နှစ် ဒီ့ထက်ကဲနိုင်ပါစေ ပျော်စရာကြီးပဲး)

ဇင်ယော် said...

နှစ်သစ်မှာ ဗိုက်ဆာတယ်ဗျို.လို့  စအော်ရင်တော့ တစ်နှစ်လုံး အမှန်အကန် စားမယ့်သောက်မယ့် သဘောမှာ ရှိတယ်။ ( မဖြစ်ဖူး ဝေးဝေးရှောင်မှပဲ ) မခေါ်တာ မဟုတ်ရပေါင်ဗျာ ခေါ်မကြားအော်မကြား ဖြစ်နေလို့  ငှီးငှီး။ အမယ် နာ့ကိုများ တော်တော် ကဲခဲ့ပုံပဲတဲ့။ အတူတူချင်းကို တစ်မှတ်ကပ် ဖြတ်သွားသေးတယ်။ ရ၀ူးကွ နာလည်း ph ဘက်ထရီကုန်တော့ အိမ်ပြန်ရောက်ခါနီးနေပြီ။ ဘယ်မှ ဆက်မသွားဝူး ဒါပဲ။

Unknown said...

မမပြောသွားတဲ့ ရှေ့  ၃ခုအတိုင်းပဲ
အေးလေ ဆိုးလိုက်တဲ့ ဒါ့ပုံဆြာ (ကြယ်ရောင်စုံတဲ့ညမှတုန်းကတော့ ကောင်းပြီကောင်းရဲ့ နဲ့) လူဆိုးမလို့  ဘယ်သူမှ မခေါ်တာ အစားပုတ်ဝက်ပုတ် ကိုယ်လုံးဖြစ်မှာပဲ
(ခေါင်းစားသွားလို့  ညစ်တွန်းတွန်းပြီး မန့် သွားတယ်)

သက်ဝေ said...

ဒီနှစ်ရော...
ဘာလုပ်မှာလဲ...
ပုန်းနေတဲ့ ပန်းကလေးကို သွားခေါ်ပါလား...း))