23 December 2008

ချစ်ခြင်းမေ




ငါ့ရင်ထဲက
ချစ်ခြင်းတွေ
ဘယ်သူမှ
ဖန်ဆင်းပေးတာမဟုတ်ပါဘူး

ငါဖွဲ့ဆိုတဲ့
စကားလုံးတွေ
ဘယ်သူမှ
သီကုံးပေးတာမဟုတ်ပါဘူး

တဖွဖွပြောနေတဲ့
လွမ်းတယ်ဆိုတဲ့
အသုံး
လွယ်လွယ်သုံးတာ
မဟုတ်ပါဘူး

နင်မြင်တတ်လို့
ကြည့်တတ်ရင်
နင်သိနိုင်သားနဲ့
ညာမနေပါနဲ့


အရာအားလုံးအတွက်
ငါ့ချစ်ခြင်းတွေ
တစစဖြစ်ထွန်းနေတာ
ကြာခဲ့ပြီမေ.....


11 comments:

ThuHninSee said...

မိုက်တယ်။

Anonymous said...

အယ်...နုတယ် မေ ရယ်း)
ဒီမောင်မခံစားနိုင်လို့ ထန်းတောသွားအုံးမယ် :P

mirror said...

ကြည့်ရတာ ကဗျာဆရာက ရေလည်အသည်းနုပြီး တအားကိုချစ်တတ်ပုံပဲ။

ရေးတတ်လိုက်ကြတာ..။သူတို့များ၊ဟော တစ်ပုဒ်၊ဟောတစ်ပုဒ်ပဲနော။

ညီမဆီမှာကွန်မန့်ကို ကဗျာရေးပြီး မန့်ခဲ့တာကိုကျေးဇုးလဲတကယ်တင်ပါတယ်။
ခွင့်ပြုရင် ဆိုဒ်ဘားမှာတင်ချင်ပါတယ်။ခွင့်ပြု၊မပြု သိပါရစေ

ခင်မင်လျက်

ကိုရုပ်ဆိုး said...

ကြည့်တတ်ရင်
မြင်တတ်ပေမယ့်
မောင့်နှုတ်ဖျားက
ထွက်လာမယ့်စကား
မေ မျှော်လင့်နေတာက
လွန်သလား မောင်ရယ် .... :D

မေတို့ မိန်းမသားဆိုတာ
အထူးသဖြင့် ....
မြန်မာမလေးတွေဆိုတာ
ကိုရီးယားကားထဲကလို
စ,မှ မပြောတတ်တာကွယ် .... :D

:P said...

ဟုတ်ပ.. ကိုရုပ်ဆိုး.. ပြောပြလိုက်စမ်းဘာာာာာာာ
(တွတ်ပီသံဖြင့်ဖတ်ပါ)

Anonymous said...

ဟားဟားဟားဟား... နာ့တိုဂျီးကို ၀ိုင်းပြောနေကြတာ ခင်မျာမှာတနားပါဒယ်။ စိတ်မကောင်းလို့ ရယ်ပဲသွားပါတော့တယ်။
{ နောက်တားP }

RePublic said...

သူနာမယ် လေးက "မေ" တဲ့ ညီရွာသားရ ၊၊
ချစ်စရာကောင်းမယ့်ပုံဆိုတာ လှမ်းမြင်နေရပါတယ် ၊၊

(တကယ်တော့ ဘာမှ မမြင်ရ ပါ ၊၊ အကြားအမြင်ရ သလို ၀င်ဖီး သွားတာပါ )

ရွှေပြည်သူ (ShwePyiThu) said...

အင်း ပြောပြန်ရင်လည်း ပြောတယ်ဖြစ်ဦးမယ်း)) ကဗျာဆိုတာ ခံစားချက်အခံ နည်းနည်းလေးတော့ လိုတယ် ထင်တာပဲ ကိုရွာသားလေးရ... ဘယ်လိုပဲ ရေးထားထား တကယ်ကောင်းတဲ့ ကဗျာလှလှလေးပါ။ (ရေးရင်း ချောင်းဆိုပျောက်ဆေး သောက်နေပါတယ်း))

sait phay yar said...

မေ ကိုကျောတာလားဟင်....ဟီဟီ
ကောင်းလိုက်တဲ့ကဗျာလေးနော်

ဝေလေး said...

ကြည့်တတ်ရင်မြင်တယ်တဲ့...
ကိုကြီးရုပ်ဆိုးပြောသွားသလိုပဲ.... ထပ်ပြောတော့ဝူးး...
ကဗျာလေးက နုလို့လှလို့....

Unknown said...

ပြောပြမှ သိမှပေါ့မောင်ရယ်
ဒီအတိုင်းခံစားပြီး ရေးနေလို့ တော့ ဘယ်ပြီးမလဲ
သိပ်ကောင်းတဲ့ ကဗျာလေးပဲ
ကြိုက်တာနဲ့  ကဗျာရဲ့  နောက်ဆုံးက စာတလုံးကို ပြောင်းပြီး တပုဒ်လုံး ယူသွားပြီ