01 December 2008

ဒီလမ်း




အလျားအနံရှိသလို
အသွားအပြန်ရှိသတဲ့
ဒါပေမယ့်
တစ်ချို့လမ်းတွေ
တစ်လမ်းမောင်းဖြစ်နေတတ်လို့
အမြဲတမ်း
လမ်းတစ်ဝက်ရယ်က
လှည့်ထွက်ရတတ်စမြဲ

ဒီလမ်းကိုလည်း
ဒွိဟနဲ့လျှောက်နေမိတုန်း
တစ်ခြားတစ်ဖက်က
လမ်းလျှောက်သူတစ်ယောက်နဲ့
ဆုံဖြစ်ရင်တော့
လမ်းလယ်မှာ နှုတ်ဆက်ဖြစ်အောင်
နှုတ်ဆက်လိုက်ဦးမယ်

မင်္ဂလာပါလို့....

10 comments:

ATN said...

လိုတိုရှင်း မန့်ခဲ့တယ်...

ကောင်းသဟ...း)

:P said...

တစ်ခြားတစ်ဖက်က
လမ်းလျှောက်သူတစ်ယောက်နဲ့ ဆုံရင်တော့
၁ လမ်းမောင်းမဟုတ်တာ သေချာသွားပြီ

ဟန်လင်းထွန်း said...

ဟုတ်တယ် လမ်းပြောင်းပြန်လျှောက်လာတဲ့သူ ကို နူတ်ဆက်လိုက်

Anonymous said...

မင်္ဂလာပါလို့.... နှုတ်ခွန်းဆက်ပါတယ် စီးပွားရေးတွေ အောင်မြင်ပါစေ ရည်းစားရေးတွေ အောင်မြင်ပါစေ..............။

kay said...

ဒီကဗျာလေး..ကြိုက်တယ် ရွာသားလေးရေ။
( နဲနဲတော့..နောက်ပါရစေ.. ထမင်းစားပြီးပြီလား..လို့မှား.နှုတ်ဆက်နေမိအုံးမယ်နော်)း)))

ကိုရုပ်ဆိုး said...

သြော် ... အဓိပတိလမ်းပေါ်မှာ သူနဲ့ လျှောက်ခဲ့တာလေးကို ပြန်ပြောင်း သတိရလိုက်တာ ... :D

sait phay yar said...

သတိရစရာမရှိတာကို သတိရသွားတယ် ကိုရွာသားရေ

ဗီလိန် said...

ကိုရုပ်ဆိုးပြောတာဟုတ်သဗျ။ ချစ်သူလမ်းကြားလေးကို သတိရလိုက်တာဗျာ။

လင်းဒီပ said...

ဟေ့ မင်္ဂလာပါ..မတွေ့တာကြာပြီနော်..
ဘယ်တွေပျောက်နေတာလဲ...အော်..ဟုတ်လား..
ကောင်းကောင်းနေလေဗျာ..အသက်တွေလည်းကြီးပြီ..
စိတ်လည်း လျှော့တော့လေ..
အေးဗျာ....ဟုတ်ပြီဗျို့နောက်မှတွေ့မယ်..

ဘာမှမဟုတ်ဘူး..တခါမှမတွေ့ဖူးတဲ့ ကိုရွာသားကို စိတ်ကူးလေးနဲ့လမ်းမှာ နှုတ်ဆက်ကြည့်တာ...ဟီး

Unknown said...

မင်္ဂလာပါရှင်
ကောင်းသောနေ့ ပါ
(ခံစားတင်ပြထားပုံလေး သိပ်ကောင်းတယ်)