28 October 2008

ဆန္ဒ


အပြောကျယ်တဲ့
ပင်လယ်ကြီးတောင်
ဒီအရှေ့ဘက်ဆီမှာ
မြေပြင်နဲ့
ထိစပ်နေသတဲ့
ဒါပေမယ့်မမြင်နိုင်တဲ့
ပင်လယ်ရဲ့
ဟိုးတစ်ဖက်ခြမ်းမှာ
ဘယ်မြေပြင်နဲ့ထိစပ်နေသလဲ
တခြားတခြားဘက်အခြမ်းတွေမှာကော
ဘယ်နေရာမှာအဆုံးသတ်နေမလဲ

ငါလေတခဏလောက်
ပင်လယ်ဖြစ်ကြည့်ချင်တယ်
အဖြေသိခွင့် ရှိခဲ့ရင်ပေါ့....

15 comments:

လင်းဒီပ said...

ပင်လယ်ဖြစ်စေသတည်း...
:P

khin oo may said...

ရယ်ရတယ် ဟေ့ ဗြဲ။ လင်းဒီပ ကို ခင်သွားပြီ။ ဒီလို ပေါတာ မျူိးရှားတယ်။

khin oo may said...

စကားမစပ် မင်းသား က ဘယ်သူလဲဟင်။

ဗီလိန် said...

အဲဒါမင်းသားက ကိုရီးယားက ခေါ်ထားတာ။ ဟိဟိ

RePublic said...

ကိုရွာသားလေး က ကိုယ်တိုင်ဝင်ရောက် သရုပ်ဆောင်ထားတာပေါ့ ၊၊ မိုက်တယ်ဗျာ ၊၊

ကိုကြီးဝီ

khin oo may said...

ပီပြင်တယ်ဗျာ။ မင်းသမီးက အနောက် ကနေ ‘ဟိတ်’ ဆိုပြီး ဝင် လိုက်ပါ။ မင်းသား က လှည့်မကြည့်ပါနဲ့။ ပြီးရင်……။ ဟိ …………ကဒ်

May Moe said...

ဟယ် ကိုရွာသားလေးက ဒီလိုပုံ လား ဟိ စိတ်ထဲကမှန်းထားတာနဲ့ တခြားစီပဲ ။ အခုထိ Blogger တွေတွေ့သမျှ မှန်းထားတဲ့ပုံနဲ့တခြားစီပဲ ။ ဗေဒင်ဟောစားရင်ကောင်းမလားမသိ :P

kay said...

ဟုတ်ပ- ရွာသားလေး ဆိုတော့.. ပုဆိုး တိုတိုလေးနဲ့.. ပုလွေလေး ခါးထိုးပြီး..နေမယ်ထင်တာ။ ဘယ် နှယ့်- မြို့သားကြီး ပါလား။း) ပင်လယ်ကို ပြစ်မှားနေတာပေါ့။

Anonymous said...

ဒီဘက်လှည့် အကြွေးရစရာရှိတဲ့သူလားလို့း)

ပန်းခရမ်းပြာ said...

မိုးကုတ်စက်ဝိုင်းကို လှမ်းမျှော်ကြည့်နေတဲ့ပုံ ထင်တယ်။

မောင်ဖားကြီး said...

ကြိုက်တယ်ဗျာ အစ်ကိုရေ ကဗျာကို...
ဖတ်နေရင်းနဲ့ ကိုယ်တောင် ပင်လယ်ကမ်းစပ်
ရောက်သွားသလိုလို...

တန်ခူး said...

တချို့ အရာတွေက အဖြေကို မှန်းလို့ တမ်းတနေရတာ ပိုကောင်းသလားလို့ …
သိလိုက်ရတော့ ခုလောက် ရင်ခုန်စရာ ကောင်းပါ့မလား…
အဲဒါ အရှေ့ ဘက်ကမ်းခြေမှာလား… ရွာသားလေးကိုယ်တိုင် ပါဝင်သရုပ်ဆောင်တာပေါ့…

ဝေလေး said...

ပင်လယ်ရဲ့ ဟိုဘက်ဆိုတော့ ကမ်းခြေပေါ့... ကမ်းခြေခြင်းတော့ တူတူပါပဲ နေရာဒေသပဲကွဲမှာပေါ့.. ဟဲ ဝင်ဖောသွားတာ မှားရင်သည်းခံ. လူကြီးပဲနော့..... :P

ဂရေစ့် said...

တခဏလောက်ပဲလား???ပင်လယ်ဖြစ်ပြီးမှ ပြင်ချင်တယ်ဆို မရနိုင်ဘူးနော်။
အဝေးကမြင်ရတာကြည်နူးစရာကောင်းပေမဲ့ တကယ်သွားကြည့်ရင်..........ထင်သလောက်ကောင်းချင်မှကောင်းလိမ့်
မယ်..

Unknown said...

အဆုံးအစမရှိတဲ့ ပင်လယ်ကြီးဖြစ်ချင်နေတယ်လား
အခုလည်း ဘ၀ဆိုတဲ့ ပင်လယ်ကြီးထဲ လက်ပစ်ကူးနေ ရတာလေ အမောင်ငယ် (ကဗျာလေးနဲ့  ဒါ့ပုံလေးက သိပ်သရုပ်ပါတာပဲ) စိတ်ကူးလေးကောင်းတယ်