15 October 2008

မနေ့က


မနေ့က
တောင်ရောက်လိုက်မြောက်ရောက်လိုက်
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ
မီးပဲထွန်းရမလား
ဖယောင်းတိုင်ကမရှိ
မီးပုံးပျံလွှတ်ရမလား
မီးပုံးပျံကမရှိ
မီးကားဆွဲမယ့် လူတွေထိန်းမယ်ဆိုတော့
တူနှစ်ကောင်ကမရှိ
မီးပန်းလွှတ်မယ်ဆိုတော့လည်း
ဘယ်သူမှမရှိ
ပွဲဈေးသွားမလား
ပွဲဈေးတန်းကမရှိ
မိဘတွေကန်တော့မယ်ဆိုတော့လည်း
သူတို့တွေက အနားမှာမရှိ
ဆီမီးတစ်ထောင်ထွန်းမယ်ဆိုတော့လည်း
ဘုရားကမရှိ
ဘာမှမရှိမယ့် အတူတူ
သူများအလှူသွားပြီး
သီလယူပြီး
ဥပုသ်စောင့်လိုက်တယ်
ကဲအေးစေသတည်း.......

13 comments:

ဗီလိန် said...

အင်း ကောင်းလေသတည်း။
သာဓုပါဗျာ။ သာဓု။ သာဓု။

လင်းဒီပ said...

ကြည့် သူများတွေများဘယ်လောက်လိမ္မာလဲ...ဗီလိန်ကတော့
ဗျောက်အိုးတွေဖောက်လို့...

Anonymous said...

ဟင်...ကောင်မလေးနဲ့ ပွဲဈေးကို လက်ချင်းချိတ်ပြီးသွားတယ်ဆို ခိုင်လုံတဲ့သတင်းရထားတယ် ဘာမှငြင်းမနေနဲ့  လာလိုက်ခဲ့  စခန်းရောက်မှ ရှင်းမယ်း)

khin oo may said...

မိဘ အနားမှာ မရှိပေမဲ့ အစ်မရှိပါတယ်လေ။။

RePublic said...

မိဘ အနားမှာ မရှိပေမဲ့ အစ်ကိုရှိပါတယ်လေ။
(ဂွိဂွိ စတိုင် ဖမ်းသွားတယ်ဗျာ)

မိုးမြင့်တိမ် said...

ဘာဘဲဖြစ်ဖြစ် ကုသိုလ်တော့ ရသွားတာပါဘဲ။ ဘာမှမရှိခြင်းထဲမှာဘဲ ရှိခြင်းဆိုတာ ရှိနေတတ်တယ်လေ။ အကျိုးရှိအောင်လုပ်သွားနိုင်တာလေးကို သာဓုခေါ်ပါတယ်ဗျာ။

ပန်းခရမ်းပြာ said...

တကယ် တန်ဘိုးရှိတာပဲ။ သာဓု သာဓု သာဓု။

ဂျူနို said...

ကောင်းပါ့။ ဒီမှာတော့ ဘယ်သူဘာလျူလဲမသိ။ ဘာဆို ဘာမှမရှိ။ အိမ်ကိုဘဲဖုန်းဆက်ရ၏။ လသာတာတောင် မသိလိုက်ရ။

တန်ခူး said...

အမြဲမရှိခြင်း… အနတ္တတဲ့… ရွာသားလေးက တန်ဖိုးရှိတဲ့ သီတင်းကျွတ်လေးရလိုက်တာပေါ့… နေကောင်းသွားပြီလား… တက်ဂ်ထားလေး ရေးပေးဦးလေ…

ရွှေပြည်သူ (ShwePyiThu) said...

သာဓု သာဓု သာဓု ပါ ကိုရွာသားလေးရေ... မနေ့ကလိုမျိုး ကုသိုလ်တရားတွေပွားနိုင်တဲ့ ဒီနေ့ ဒီနေ့တွေ အများကြီး ပိုင်ဆိုင်နိုင်ပါစေ...း)

ဂရေစ့် said...

မီးပဲထွန်းရမလား
ဖယောင်းတိုင်ကမရှိ
မီးပုံးပျံလွှတ်ရမလား
မီးပုံးပျံကမရှိ
မီးကားဆွဲမယ့် လူတွေထိန်းမယ်ဆိုတော့
တူနှစ်ကောင်ကမရှိ
မီးပန်းလွှတ်မယ်ဆိုတော့လည်း
ဘယ်သူမှမရှိ
ပွဲဈေးသွားမလား
ပွဲဈေးတန်းကမရှိ
မိဘတွေကန်တော့မယ်ဆိုတော့လည်း
သူတို့တွေက အနားမှာမရှိ
ဆီမီးတစ်ထောင်ထွန်းမယ်ဆိုတော့လည်း
ဘုရားကမရှိ..................


"အကျွန်ုပ်ဧ၊၊်သီတင်းကျွတ်လပြည့်ည"

မရှိခြင်းများစွာ လွမ်းဆွတ်စရာအပြည့်နဲ့ 
ဖြစ်နေပေမဲ့လည်း
တမ်းတဖို့ မအား အလုပ်ကများနဲ့ 
ညဘက်နားကျမှ
အိမ်ဆီသို့ မျှော်မှန်း မိဘတွေကိုကန်တော့ပန်းဆင်ဖို့ 
ဖုန်းတစ် call အမြန်ခေါ်တော့
ဝမ်းနည်းမှုတွေရောပြွမ်း ခပ်နွမ်းနွမ်းအဖေ့အသံ
ဗလုံးဗထွေးနဲ့  မဆုံးသေးတဲ့ အမေ့စကား
ဆက်လို့ ရယ်မကြားနိုင်တော့
ဖုန်းကိုအမြန် stop ကောင်းကင်ကိုမော့
လမင်းကိုတိုင်တည်ပါလည်း
အကျွန်ုပ်မှာ ပူလောင်မြဲ ဗလောင်ဆူဆဲ ရင်ဘတ်ထဲမှာ
သောကတွေနဲ့ ဗျာများ ခပ်အားအားမနေတော့ပဲ
မသက်မသာ ဓမ်မစင်္ကြာပဲ ရွတ်ခဲ့ပါသတည်း၊၊၊၊၊၊၊
xxxxxxxxxxxxxxxxxxxxxxx
KKKရေးတဲ့ကဗျာကိုဖတ်ရင်း ရင်ထဲရှိတာလေးကိုချရေးလိုက်တာ ကဗျာလိုလို ဘာလိုလိုဖြစ်သွားတယ်……
တကယ်တော့ comment ပေးတာပါ…….
ခုလို reference လုပ်ပြီး ရေးလို့  မနောဘ၀င်မှာ မရွှင်ဘူးဆိုရင်တော့ပြောပါနော်။

Unknown said...

ဘာမှ မရှိပေမယ့်
အကျိုးရှိသွားတဲ့နေ့ လေးပေါ့
သတိတယနဲ့  သီတင်းကျွတ်နေ့ ကို ရေးစပ်ထားတာ
သဘောကျမိတယ်

khin oo may said...

အဲဒါဘဲအေးရော။