21 September 2008

စုဆောင်းမိသော စာအုပ်များ ၀ါ TAG ဇာတ်သိမ်းခန်း


ကျနော်နဲ့စာဖတ်ခြင်းထဲမှာ ဘာကြောင့်စာတွေဖတ်ဖြစ်တယ်။ စာအုပ်တွေစုဆောင်းဖြစ်တယ် ဆိုတာ ရေးမိပါတယ်။ ရှိသမျှ ငွေကြေးအတိုင်းအတာလေးနဲ့ စုလို့ရသမျှစာအုပ်လေးတွေကို စုဆောင်းထားမိပါတယ်။ စာအုပ်တော်တော်များများကို ၀ယ်ချင်ပေမယ့် ကိုယ်တတ်နိုင်တဲ့ ငွေကြေးအင်အားနဲ့ပဲ တော်ရာတန်ရာလေးတွေကိုဝယ်စုမိတယ်။ စာကြီးပေကြီးလို့မဆိုနိုင်ပေမယ့် ကျနော့ဘ၀မှာ အဲဒီစာအုပ်တွေက တော်တော်လေး စိုးမိုးနေပါတယ်။ ကျနော်ရေးတဲ့စာတွေ ကျနော့ရဲ့ အနေအထိုင်အပြုအမူ အပြောအဆို အတွေးအခေါ်တွေ အထိပါ။ အိမ်ပြောင်းရင်စာအုပ်တွေကို စနစ်တကျ ထုပ်ပိုး၊ လေးပင်ပေမယ့် သယ်နေရတာပါပဲ။ စုမိသမျှကတော့ (စာအုပ်တွေက ဝေးကွာနေလို့ နာမည်တွေမှာ အမှားအယွင်းပါရင် သည်းခံပါခင်ဗျာ၊ ကျန်ခဲ့ရင်လည်း နောက်မှ ပြန်လည်ဖြည့်စွက်ပါမယ်)

မြသန်းတင့်
ရေပွက်ပမာ
ဓားတောင်ကို ကျော်၍
သုခမြို့တော်
မာယာဘုံ (လက်ဆောင်ရပါသည်)
လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများ
ဘ၀တက္ကသိုလ် (လက်ဆောင်ရပါသည်)
မမ
စစ်နှင့်ငြိမ်းချမ်းရေး (လက်ဆောင်ရပါသည်)


တက္ကသိုလ်ဘုန်းနိုင်
သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
တစ်ပြည်သူမရွှေထား
ချစ်သောကမ္ဘာမြေ
လွမ်းတေးမဆုံးစေနဲ့စောသခင်
ချစ်သောဤကမ္ဘာ


ဂျာနယ်ကျော်မမလေး
သွေး
ရင်နင့်အောင်မွှေး
သူလိုလူ
မုန်း၍မဟူ (လက်ဆောင်ရပါသည်)

မစန္ဒာ
တိမ်ဖုံးပါလို့လမသာ (ရုပ်ရှင်ကိုပါစွဲလမ်းမိပါတယ်)
ကွက်လပ်ကလေးဖြည့်ပေးပါ
ဂျီဟောသူ
ဆဌဂံ
အရိပ်
ပန်းစကား
ဘ၀အိပ်မက်ပန်းအိပ်မက်
ဝတ္ထုတိုများ…

နုနုရည်အင်းဝ
ပြုံး၍လည်းကန်တော့ခံတော်မူ

ရွှေဥဒေါင်း
ရူပကလျာဏီ ရူပနန္ဒီ
တစ်သက်တာမှတ်တမ်း
ဝတ္ထုတိုများ…


မောင်စိန်ဝင်း(ပုတီးကုန်း)
သောကခြေရာရတနာ

ခင်နှင်းယု
မြကြာဖြူ

နေနော်
ပျားရည်နှင်းစက်

ဝင်းဝင်းလတ်
အချစ်၏နောက်ဆက်တွဲစာမျက်နှာများ

နီကိုရဲ
စိတ်အိုင်ပက်သူ

ခင်ခင်ထူး
အညာသူအညာသားဆွေမျိုးများ
ပါးကွက်ကျား
လှည်းယဉ်ကျော့
ကြာဆစ်ကြိုး
ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်
စပါယ်တင်မှဲ့ (ခင်ခင်ထူး၊ နေ၀င်းမြင့်)
ပိုးရည်တောင်စာ (ခင်ခင်ထူး၊ နေ၀င်းမြင့်)
လက်ရွေးစင်ဝတ္ထုတိုများ
ပဲသင်းကောက်
ကြာဝတ်မှုန်

ဂျူး
အမှတ်တရ (ကော်ပီ)
မရှိမဖြစ်မိုး
နံရံ၏အခြားတစ်ဖက်
ချစ်သူရေးတဲ့ကျမရဲ့ညတွေ
လရောင်ရဲ့အောက်မိုင်အဝေးမှာ
ကျမ၏သစ်ပင် (လက်ဆောင်ရပါသည်)
ကံကြမ္မာကိုမယုံကြည်ကြသူများ (လက်ဆောင်ရပါသည်)
ကြယ်စင်တံတားကမ်းပါးနှင်းဖြူ
ကြာတော့သည်လည်းမောင့်စကား
မြစ်တို့၏မာယာ
ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်
ရုပ်ရှင်ခံစားမှုဆောင်းပါးများ ၁၊ ၂၊ ၃
ကျမချစ်သောမြို့၊ နိုင်ငံ
မိန်းမတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်
တိမ်နဲ့ချည်တဲ့ကြိုး
စောင့်နေမယ်လို့မပြောလိုက်ဖူး
ကျမဖတ်ခဲ့ဖူးသောစာအုပ်များ
ကြယ်ကြွေတို့ရဲ့ကောင်းကင်
ကြေမွသွားသောတိမ်တိုက်များ
သူမင်းကိုဘယ်တော့မှ
နိုဝင်ဘာမိုး
ဝထ္တုတိုများ…
(ပင်လယ်နဲ့တူသောမိန်းမများမရှိပါ)

လူထုဒေါ်အမာ
၁၂ပွဲဈေးသည်နှင့်ကျွန်မတို့အညာ

သိပံ္ပမောင်ဝ
စာပေ ယဉ်ကျေးမှု (လက်ဆောင်ရပါသည်)

ကြည်အေး
မောင် ကိုကိုနဲ့မြနန္ဒာ
ဝတ္ထုတိုပေါင်းချုပ်သစ်
မှန်၏မှောင်ရိပ်

မောင်ထွန်းသူ
ရဲတိုက် (လက်ဆောင်ရပါသည်)

မောင်ထင်
ငဘ

ပါရဂူ
စိတ္တရလေခါ

ဇော်ဇော်အောင်
ဝေေ၀ရီရီ


စာရေးသူမေ့နေတဲ့ စာအုပ်များ
သံနှင့်သွေး
မပိုကြေးမလိုကြေး (မူရင်းကတော့ Jeffrey Archer ပါ)

သင့်ဘ၀မဂ္ဂဇင်းများ (နိုင်သလောက်စုဆောင်းထားခြင်း)
စံပယ်ဖြူမဂ္ဂဇင်း (နှစ်နှစ်စာ ဆက်တိုက်စုပြီး ငွေကြေးအနေအထားအရ ရပ်သွားပါတယ်)

ဘုရားစာအုပ်တွေ၊ သမိုင်းစာအုပ်တွေကိုတော့ လူတတ်ကြီးလုပ်ပြီးရေးမိမှာစိုးလို့ထားခဲ့ပါတယ်ဗျာ။

တစ်ချို့စာအုပ်တွေက လိုချင်ပေမယ့် မရ။ ဥပမာ ကြည်အေးရဲ့ မောင်ကိုကိုနဲ့မြနန္ဒာ၊ ၀င်းဦးရဲ့ မိန်းမလှအမုန်း တို့ပါ။ ကျနော်စုထားသမျှစာအုပ်တွေကို ကြည့်ရင် ကျနော်ဟာ နိုင်ငံတကာစာပေတွေနဲ့ ဝေးကွာနေတာကို တွေ့ရပါလိမ့်မယ်။ အင်္ဂလိပ်စာမတတ်တာကတစ်ကြောင်း အပျင်းထူတာကတစ်ကြောင်း အကြောင်းမျိုးမျိုးပြပြီး ဆင်ခြေတွေပေးတတ်တာက တစ်ကြောင်း။ အခုစာအုပ်စာရင်းပြုစုရင်းကနေ စာအုပ်တွေကို ဒီကိုသယ်လာချင်လိုက်တာဆိုတဲ့စိတ် တစ်ဖွားဖွားပေါ်လာမိတယ်။ အရင်ကဆို အဲဒီစာအုပ်တွေကို အမြဲလိုလို ပြန်ဖတ်ဖြစ်နေတတ်တယ်။ ပြန်ဖတ်ရင်းအသစ်အသစ်တွေလည်း ဖြစ်နေမိတယ်လေ။ အရင်ဖတ်ခဲ့တုန်းက စိတ်နဲ့ အခုဖတ်ဖြစ်တဲ့ စိတ်အခြေအနေ အတွေ့အကြုံတွေပေါ်လိုက်ပြီး အဆုံးသတ်တွေ ကောက်ချက်တွေက အသစ်အသစ်တွေ ဖြစ်ဖြစ်လို့နေတယ်လေ။ ဂျူလိုင်ဆယ့်ခြောက်ရေ ကျနော်ဖတ်ဖူးတဲ့ စာအုပ်တွေက အများသား။ ဒီစာအုပ်တွေကတော့ ဖတ်နေလေ့ရှိတတ်တာတွေပေါ့။ ကျေနပ်မယ်ထင်ပါတယ်ဗျာ။

ကိုရုပ်ဆိုး နဲ့ ကိုဂျူလိုင်ရေ အပျော်အဖြစ် TAG ထားတာလေးကို အလေးအနက်ထားဖြေနေမိရင် ခွင့်လွှတ်ပါဗျာ။ အလေးအနက်နဲ့မေးခဲ့တယ်ဆိုရင်တော့ ကျေနပ်ပါလို့။ ကျနော့ ဒီ TAG တွေကို ဒီပို့စ်နဲ့ပဲရပ်ခွင့်ပြုပါ။ အကြိုက်ဆုံးအရောင်ဆိုတာကို အရောင်ခံစားမှု ဆိုတဲ့ ပထမဆုံးပို့စ်လေးမှာ ဖတ်ရှုနိုင်ပါတယ်ဗျာ။ အားလုံးကျေနပ်ပျော်ရွှင်နိုင်ပါစေ......................

11 comments:

kay said...

လွမ်းမောခဲ့ရတဲ့ တက္ကသိုလ်နွေည များက.. မောင်ထွန်းသူ များလားလို့ ။ ( အဟဲ..သေတော့မသေချာဘူး)

ဝင်းဦး- မိန်းမလှအမုန်း တော့..ပီဒီအက်ဖ် ဖိုင်ရှိတယ်။

RePublic said...

ကောင်းတယ် ကိုရွှာသားလေးရေ ၊ စာအုပ်စာပေ လူ့မိတ်ဆွေ ပဲလေ ၊၊ များများဖတ် ..များများတွေး ..များများရေး..ဗျို့ ၊၊

Moe Cho Thinn said...

ရွာသားရေ
ဒီလို စာတွေဖတ်တော့ စာရေးတာ ချောနေတာပေါ့။
TAG က အခုမှ ပြီးတာလား :P

မိုးမြင့်တိမ် said...

ကိုရွာသားလေးက စာအုပ်တွေတော်တော် ဖတ်ပြီး စုဆောင်းထားတာဘဲ အဲဒီအကျင့်လေးကတော့ ကောင်းတယ်ဗျို့

Anonymous said...

စာအုပ်တွေအများကြီးပဲ ဖတ်ချင်တယ် ဒီပို့ စ်ထဲမှာပါတဲ့ စာအုပ်တွေတစ်ခုမှမဖတ်ဖူးဘူးး

ဇင်ယော် said...

ဟား စုထားတဲ့  စာအုပ်တွေမှ အများကြီးပဲ။ အားကျသဗျာ။ ကျနော်ကတော့ အသိမ်းအဆည်းကောင်းတော့ စုသမျှ ဘယ်ရောက်ကုန်မှန်း မသိဘူး။ နောက်ဆုံးတော့  ဆိုင်ကငှားလိုက်၊ စာကြည့်တိုက်က ငှားလိုက်နဲ့ ။

puluque said...

ဘရားသားရေ
မြန်မာပြည်က နေ ဒီကို စာအုပ်တွေ စာတိုက်ကနေပို့တာ ဈေးသက်သာတယ်ဗျ။ ကျတော့ သယ်ရင်းတစ်ယောက်ဆို စာအုပ်တွေ.ကို ဒီကိုပိုတာ ဘယ်လောက်မှ မကျဘူး။ ၀တ္ထုစာအုပ် ၃ ၄ အုပ်မှ မြန်မာငွေ ၅ရာလောက်ပဲ ကျတယ်. ရန်ကုန်စာတိုက်ကြီးမှာ နည်းနည်း စုံစမ်းကြည့်ပါလား

တန်ခူး said...

အားပါးပါး…ဂျူးတွေအများကြီးပါလား…ပင်လယ်နဲ့ တူသောမိန်းမများ ဘာလို့ မရှိတာလဲ… တို့ က ဂျူးဝတ္ထုတွေထဲမှာ အဲဒါအကြိုက်ဆုံး…

ရွှန်းမီ said...

စာအုပ်တိုက်ကြီးနဲ့ တိုးပါပြီ :-)

Unknown said...

စာကြည့်တိုက်မှူးရှင့်
စာအုပ်များအားလုံးက ဖတ်ချင်စရာကောင်းအောင် ဆွဲဆောင်နေပါသည် ဆရာမခင်ခင်ထူး၏ စာအုပ်များက လည်း အညာသူ/သား လေသံလေးများဖြင့်ရေးထား တာကြောင့်လည်း တမျိုးကောင်းနေသည်ဟုထင်ပါ သည် ဖြစ်နိုင်ပါက အထက်ပါစာအုပ်များကို စာကြည့်တိုက်မှူးအနေဖြင့် ငှားပေးစေလိုပါသည်
ကျေးဇူးတင်စွာဖြင့်
စာကြည့်တိုက်အသင်းဝင်အသစ်

Thein Htike said...

ခင်နှင်းယုရဲ့ မြကြာဖြူ စာအုပ်ကို PDF ဖိုင်လေးရှိရင် ပို့ပေးပါအုံး ခင်ဗျာ။