04 September 2008

သော့ပျောက်တဲ့လ


အဲဒီည
ဒီညထဲကိုဝင်ဖို့
ကိုယ်အနှံ့မှာရှိသမျှ
အိတ်တွေကိုရှာမိတယ်
ဘယ်မှာမှမတွေ့

လာလေတဲ့ ဒီလမ်းကို
ပြန်လှည့်ကာကြည့်ပြန်လည်း
အရိပ်အယောင်ပင်မတွေ့

ယောင်ချာချာရပ်နေတဲ့
တံခါးတစ်ချပ်ရှေ့မှာ
ညရယ်
မှောင်လွန်းလိုက်တာ........

3 comments:

မိုးမြင့်တိမ် said...

ကိုရွာသားလေး ကဗျာလေးက တိုတိုလေးနဲ့ ဖတ်လို့ကောင်းတယ် ပျောက်နေတဲ့ သော့ကို အမြန်ဆုံးရှာတွေ့ ပါစေဗျာ

ရွှေပြည်သူ (ShwePyiThu) said...

သော့တစ်ချောင်း ကောက်ရထားပါတယ်။ ပိုင်ရှင်ဖြစ်ပါက စာအုပ်များနဲ့ လာရောက်ရွေးယူပါး)) စတာပါ... ကဗျာကတော့ ထုံးစံအတိုင်း ကောင်းနေတာပါပဲ ကိုရွာသားလေးရေ...

Unknown said...

ရေးထားတာလေးတွေက သိပ်ကောင်းတာပဲ
ဘယ်လိုများတွေးမိပါလိမ့်လို့  စဉ်းစားမိတယ်
(စောစောက တံခါးနဲ့ အလုပ်ရှုပ်နေတာ သော့ပျောက်နေလို့ ကိုး)