16 September 2008

ဘိရှော့တစ်ကောင်ရဲ့ တမ်းခြင်း


တကယ်တော့
ငါဟာ ဘိရှော့တစ်ကောင်ပါ ဘုရင်မရယ်....

ပုံစံတူအကွက်တွေကို
တရစပ်သွားလို့ရတယ်ဆိုပေမယ့်
ငါဟာတစ်လမ်းမောင်း သမားတစ်ယောက်လို
နောက်လမ်းကြောင်းပြောင်းခွင့် မရှိသူပါ။

မင်းကြိုက်တဲ့ မြင်းစစ်သူကြီးလို
ခုန်ပျံကျော်လွှားဖို့မတတ်သလို
ခိုင်ခန့်တဲ့ ရဲတိုက်ကြီးတွေလိုလည်း
အကွက်တိုင်းကို တည့်အတိုင်း
လိုက်မရွှေ့နိုင်ပြန်
တပ်သားတွေလို
လွတ်လပ်စွာ
သွားချင်ရာသွားနိုင်ခွင့်မရှိတဲ့
အေးငြိမ်းလေတဲ့ ငါ့ကို

မင်းရဲ့စစ်ပလ္လင်မှာ
ဘုရင်ကို ချဉ်းကပ်ဖို့ဆိုတဲ့
အကြောင်းပြချက်တစ်ခုထဲနဲ့
ခွချက်....ရက်တယ်ဆိုရင်လည်း
မင်းအတွက်လည်စင်းပေးဖို့
မငြင်းဆန်ဝံ့တဲ့

ငါဟာ ဘိရှော့တစ်ကောင်ပါ
ဘုရင်မရယ်..............

5 comments:

Moe Cho Thinn said...

ဘိရှော့ဆိုတော့ ဘုန်းကြီးပေါ့ :)
သိပ်မဆွေးနဲ့ ရွာသားရေ။ အားလဲ မငယ်ပါနဲ့။ အစစ အဆင်ပြေပါစေလို့ အမဆုတောင်းပါတယ်။

ကိုရုပ်ဆိုး said...

အနော်က စစ်တုရင် မကစားတတ်ဖူးဗျ ကိုရွာသားရ .... :)

ရွှေပြည်သူ (ShwePyiThu) said...

ကိုဘိရှော့ (အဲ...ယောင်လို့) ကိုရွာသားလေးရေ... စစ်တုရင် မကစားတတ်ပေမယ့် ကဗျာလေးကိုတော့ သေချာခံစားသွားပါတယ်...း)

ဇင်ယော် said...

ဘိရှော့တစ်ကောင်ရဲ. ရင်တွင်းဖြစ်ပေါ့နော်။
သူချစ်မိတဲ့  ဘုရင်မအလိုကျ လည်စင်းပေးရမှာလာ။ ဒါမှမဟုတ် တာဝန်ကျေအောင် ကိုယ့်ဘုရင်ကို ကာကွယ်ရမှာလား။ အဆင်မသင့်လို့  ထိုးကျွေးခံရဦးမှာလား။ ဘာပဲဖြစ်ဖြစ် ဘိရှော့တစ်ကောင်ရဲ့ တမ်းခြင်း ကို ခံစားသွားပါကြောင်း

Unknown said...

စစ်တုရင်မကစားတတ်ပေမယ့်
ကဗျာလေးက ဘုရင်မအတွက် ခံစားပြီး ရေးထားတာကိုတော့ သိတယ် အော် ဘိရှော့  သိပြီ ဘိရှော့တကောင်ရဲ့  ခံစားချက်လေးက သိပ်ကောင်းတယ် ဒါပေမယ့် ဘုန်းကြီးတော့ မ၀တ်လိုက်ပါနဲ့ ဗျာ