22 September 2008

ပထမဆုံးပြည်ပခရီး သို့မဟုတ် အကြောက်တရားတို့ကျဆုံးခန်း(၁)

ဒီခရီးက ပထမဆုံးပြည်ပကိုသွားရတဲ့ခရီး။ ထို့ထက်ပို၍ပထမဆုံးလေယာဉ်ပျံစီးဖူးခြင်း။ အားလုံးကအသစ်အဆန်း။ အကျိုးအမြတ်က အကြောက်တရားတို့ကျဆုံးခြင်း..

ငယ်ငယ်ကသင်ထားတဲ့အတိုင်း ဘယ်သို့ဘယ်ပုံနေရမယ်။ လူကြီးကို ဘယ်လိုဆက်ဆံရမယ်။ ယံမင်္ဂလံ အစချီတဲ့ မင်္ဂလသုတ်ကိုမိုးလင်းတိုင်းရွတ်ခဲ့ရတယ်။ အိမ်မှာဧည့်သည်လာရင် အသံမထွက်ရဘူး၊ ထမင်းစားရင် ဇွန်းသံမကြားစေရဘူး၊ ထမင်းစားရင်းစကားမပြောရဘူး စတဲ့စည်းမျဉ်းစည်းကမ်းတွေကြားထဲမှာ အပြောခံရခြင်း အရိုက်ခံရခြင်းမျိုးစုံနဲ့နေခဲ့ရတာပါ။ အဲဒီစည်းမျဉ်းစည်းကမ်းဆိုတာထက် လူ လူခြင်းကိုကြောက်တတ်တာ။ လက်ဖက်ရည်ဆိုင်လူများရင်မသွားတတ်တာ။ လူရှေ့သူရှေ့စကားပြောဆို မပြောရဲမဆိုရဲ။ အရှေ့ထွက်မယ်အစား အလုပ်ကိုသာသိမ်းကြုံးလုပ်ချင်မိတဲ့အထိ။ ဒါပေမယ့် အညာသားပီပီ မဟုတ်မခံစိတ်ကတော့ ရင်ထဲမှာရှိတယ်။ အဲလိုမဟုတ်မခံပြန်ပြောလို့လဲ အများတကာ အရမ်းလိုချင်ပါတယ်ဆိုတဲ့ အလုပ်တစ်ခုကို သုံးပတ်ထဲလုပ်ပြီးထွက်လိုက်စေတဲ့အထိ။

အလုပ်ကနေ ဘန်ကောက်ကို သင်တန်းလွှတ်မယ်ဆိုတော့ ငြင်းလိုက်ရတာ သုံးလလောက်ကြာခဲ့ပါတယ်။ သင်တန်းနောက်က ထိုးရမယ့် စာချုပ်ကိုလည်းကြောက်လို့ပါ။ နောက်ဆုံးမတော့ လက်ရှိအလုပ်ကို မထွက်ချင်သေးတာမို့တစ်ကြောင်း သင်တန်းကလည်း ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ဖြစ်တာကြောင့်တစ်ကြောင်း လက်ခံလိုက်ပါတယ်။ ပထမဆုံးခရီးဖြစ်တာမို့ စိတ်လှုပ်ရှားမှုနဲ့ရင်တွေခုန်နေခဲ့တယ်။ ပြည်ပကိုမသွားခင် ဌာနတွင်းသင်တန်းကိုလည်းတက်ရပါသေးတယ်။ အဲဒီအချိန်မှာ ပြင်ပမှာကျနော်တတ်နေတဲ့သင်တန်းကလည်း ပထမနှစ်စာမေးပွဲဖြေရတော့မယ်။ စနေ တနင်္ဂနွေ နှစ်ရက်ပဲတက်ရတဲ့သင်တန်းမှာ ရက်မှန်အောင်မတက်နိုင်ခဲ့။ ဌာနတွင်းခရီးစဉ်မှာ ကျနော့ CE ကလေယာဉ်ခရီးစဉ်မှာ ကြုံရမယ့်အရာတွေ လိုအပ်ချက်တွေ စသည်စသည် ပုံနဲ့တစ်မျိုး စာနဲ့တစ်ဖုံသင်ပေးလိုက်ပါတယ်။ ထိုင်ခုံနှစ်မျိုးရှိတယ်ပေါ့ လေယာဉ်စာရင်းကို LCD ကြီးတွေ ဘုတ်ကြီးတွေနဲ့ပြပေးတတ်တယ်ပေါ့။




ပစ္စည်းရွေးဖို့ကို ကွန်ဗေယာတွေနဲ့လည်တဲ့ ဘတ်ဆိုတဲ့အရာပေါ်မှာ ယူရတယ်။


ဘတ်နံပါတ်ကို ကိုယ့်လေယာဉ်ဆိုက်ချိန်မှာ ရေးပြထားတယ် သေသေချာချာကြည့်ပြီး အင်မီဂရေးရှင်းဖြတ်ပြီးရင်သွားရွေးယူရတယ်။ မှာသင့်မှာထိုက်တာအကုန်မှာခဲ့ပါတယ်။

ကျနော်နဲ့စီနီယာတစ်ယောက်ပါ ပါတယ်။ ကျနော်တို့ကို ရုံးကပေးလိုက်တဲ့ ဟိုမှာ ဟိုတယ်ခတွေရှင်းဖို့ ပိုက်ဆံတွေရယ် ပစ္စည်းဝယ်ဖို့ပိုက်ဆံတွေရယ်က ကျနော့လက်ထဲမှာ ပိုက်ဆံက US ၃၉၀၀ လောက်ပါလေရဲ့။ ရှေ့ရှေ့က ထုံးစံတွေအတိုင်း ပိုက်ဆံတွေကို စာရွက်ခေါက်ထဲထည့် ပြီးမှစာအိတ်ထဲကိုထည့် စာအိတ်ပေါ်မှာ လိပ်စာတွေဘာတွေနဲ့ပေ့ါ။ ဒါပေမယ့် အဖမ်းတော်လေတဲ့ လူတွေရဲ့လက်ထဲမှာ ကားခနဲမိတာပေါ့။ နောက်တစ်ခေါက်ယူလာရင် အကုန်သိမ်းထားမယ်တဲ့။ ခြေမကိုင်မိလက်မကိုင်မိ။ ကိုယ့်ပိုက်ဆံလည်း မဟုတ်။ အရင်းပြုတ်ရချည်ရဲ့။ မဖြစ်ချေဘူးဆိုပြီး နီးစပ်ရာ အားကိုးရာတွေကိုလှမ်းခေါ်ပြီး ပိုက်ဆံတွေကို ထားခဲ့ရပါတယ်။ သူတို့သေချာမစစ်တာက ကျနော်တို့ရဲ့ပိုက်ဆံအိတ်တွေကိုပါ။ ပိုက်ဆံအိတ်ထဲမှာ တစ်ယောက်ကို ၉၀၀ (ရုံးကပေးလိုက်တာပါဗျာ) ဆီလောက်ပါပါသေးတယ်။

ကျနော်တို့ဝင်တော့ Last call ခေါ်နေပါပြီ။ လှေကားပေါ်တက်ရင်း ပိုက်ဆံထားခဲ့ရကြောင်းရုံးကို အကြောင်းကြားရပါသေးတယ်။ နောင်ခါလာနောင်ခါစျေး ပြန်လာမှာ အသေအချာရှင်းပြနိုင်တော့မှာပါ။ လေယာဉ်ပေါ်ကိုရောက်မှပဲ သက်ပြင်းပူပူကို ဟူးကနဲနေအောင်ချလိုက်ရတယ်။ TG လေယာဉ်ဆိုတော့ မိုက်တော့မိုက်သား။ လေယာဉ်မယ်လေးတွေကလည်း မျက်စိအေး။ ထမင်းနဲ့ ကြက်သားဟင်းကလည်း ကောင်း။ အလကားရတဲ့ ဝိုင်ကလည်းကောင်းပါလေ့။ ဒါက လေယာဉ်စီးရတဲ့အရသာဖြစ်မယ်ဆိုပြီး ထင်မြင်ချက်နဲ့ ကောက်ချက်ချမိတယ်။

ဆက်ပါဦးမယ်

7 comments:

khin oo may said...

တို.လာတုံးက ပိုက်ဆံ ဘယ်လောက် ပါသလည်ူး လို.စလုံးကမေးတယ်. ၃၀၀ ပါတယ်လို.ဖြေလိုက်တယ်။ှုငှဲုငှဲ.

မိုးမြင့်တိမ် said...

စိတ်ဝင်စားဘို့ကောင်းတယ် နောက်ဆက်တွဲကို မျှော်နေမယ်နော်

ဇင်ယော် said...

သူတို့ က ကိုရွှေတွေ ထွက်ရင် အဲဒါကိုအဓိကထားပြီး ရှာတာဗျ။ စားပေါက်လေ။ စဉ်းစားကြည့်ပါဦး။ အပြင်ကို အလုပ်ပဲ ထွက်လုပ်လုပ်၊ ကျောင်းပဲတက်တက်၊ ကိစ္စရှိလို့ ပဲ သွားသွား အဲဒီ ပိုက်ဆံမပါရင် ဘယ်ပထွေးက ထမင်းကျွေးထားမှာတုန်း။ သူတို့ ကို အနည်းအများပေါ်လိုက်ပြီး ခွံ့ လိုက်ရင် ယူစေသတည်း၊ စိတ်တိုင်းကျ။
ကိုရွာသားရေ...ရိုင်းသွားရင် ခွင့်လွှတ်ပါဗျာ။ ဖတ်နေရင်း ဒေါထွက်လာလို့ ။

Moe Cho Thinn said...

ဟုတ်ပ။ သူတို့ ကျွေးထားမှာကျလို့။ လိုချင်ရင် လိုချင်တယ်ပေါ့။ မခင်တော့ မူကို သုံးတယ်တယ်။ လူခင်တော့ ဒေါ်လာတွေကို အထုပ်နဲ့ ထမ်းထုတ်တယ်။

RePublic said...

ဟုတ်ပီဗျာ ၊၊ နောက်ပိုင်းတွေ ပိုစိတ်ဝင်စားဖို့ ကောင်းမယ်ထင်တယ် ၊၊အဟဲ ...စောင့်နေပါ့မယ် ကိုရွာသားလေးရေ ၊၊

တန်ခူး said...

စောင့်ဖတ်နေမယ် ရွာသားလေးရေ…

Unknown said...

အော် ဒါကြောင့် ရွာသားလေး အကြောက်တရားကျဆုံးကုန်တာကိုး (ပထမဆုံးခရီးစဉ်မှကို စိတ်ဝင်စားဖို့ ကောင်းအောင်ရေး ထားတာဆိုတော့ နောက်ဆက်တွဲတွေက ပိုကောင်းမယ်)