02 September 2008

တံခါး


တစ်ချပ်ထဲလား
နှစ်ချပ်လုံးလား
သော့ခတ်မလား
ဂျက်ထိုးမလား
အထဲမှာလေ၀င်ပါ့မလား
နဲနဲလေးဖွင့်ရမလား
ဝုန်းခနဲလေတိုက်ရင်ရော
အပြင်မှာနေမလား
အထဲမှာနေမလား
ဒီတစ်ညတော့ တံခါးတွေနဲ့အလုပ်ရှုပ်နေလေရဲ့....

7 comments:

ဂြိုဟ်နှစ်ကောင် said...

တံခါးတွေဟာ ပိတ်ဖို့ချည်းပဲမဟုတ်သလို ဖွင့်ထားဖို့ချည်းပဲလည်း မဟုတ်ပါဘူး။ ဖွင့်လိုက်ပိတ်လိုက်နဲ့ ဘယ်အချိန်မှာ ဘာလုပ်ရမလဲဆိုတာအတွက် သူ့တာဝန်သူ ကောင်းကောင်းလုပ်နိုင်ဖို့ပဲ လိုတယ်လို့ ထင်ပါတယ်။ အတွေးအရေးကောင်းလို့ သဘောကျပါတယ်။ နောင်လည်း လာဖတ်ဖြစ်ဦးမှာပါ။

Anonymous said...

ညီလည်း တံခါးဆိုတာကိုကြောက်တတ်လာပြီး လုံခြုံဖို့ အတွက်ပိတ်ထားပေးတယ်ဆိုပေမည့် အထဲမှာ လှောင်ပိတ်နေပြီလေ ဖွင့်ပေးပါတော့လို့  မွန်းကြပ်လှပြီးးးးးးးးးးးးးး

ရွှေပြည်သူ (ShwePyiThu) said...

တံခါးဆိုတာ uranus ပြောသွားသလိုပဲ ဖွင့်ချိန်တန်ဖွင့်ပြီး ပိတ်ချိန်တန်ပိတ်ရမယ့် အရာလို့ပဲ ထင်မိပါတယ်။ ကိုရွာသားလေး တံခါးကို Timing မှန်မှန် ဖွင့်နိုင်ပိတ်နိုင်ပါစေး)

RePublic said...

စိတ်တံခါး က ထိန်းချုပ်ရခက်ဆုံးပါပဲ ၊၊

ကိုရုပ်ဆိုး said...

republic ပြောသလိုပါ .... စိတ်တံခါးက ဖွင့်ချင်တိုင်းမပွင့်၊ ပိတ်ချင်တိုင်း မပိတ်ဘူး။ ရွာသားလေးရှုပ်နေတဲ့ တံခါးက ဘယ်တံခါးလည်း။ ကိုယ်ပိုင်တံခါးလား၊ သူများ တံခါးလား။

THIT SUN said...

ကိုရွာသားက တံခါးမှူးလား....ဟဲ ဟဲ ....စတာနော်...စိတ်ဆိုးနဲ့

Unknown said...

အလုပ်ရှုပ်တယ်လို့ များ မပြောပါနဲ့ လားဗျာ
ကျနော်တို့ က အိမ်တအိမ်အတွက် မရှိမဖြစ် အသုံးဝင်ပါတယ်ခင်ဗျာ အိမ်မှမဟုတ်ပါဘူး လူတွေရဲ့ စိတ် နှလုံးနဲ့ ပတ်သက်ရင်လည်း ကျနော်တို့ က အရေးပါနေ ပါတယ်ခင်ဗျ (တံခါးများကိုယ်စား ခံစားပြောသွားသည်)