29 June 2008

တနင်္ဂနွေညရဲ့ သောကြာအလွမ်း

ဒီနေ. တနင်္ဂနွေ။ ပြီးတော့ တနင်္ဂနွေည။ အဲဒီတော့ ကျနော်လွမ်းရတတ်သော သောကြာည ကိုသာမျှော်မှန်းတမ်းတရသည်ချည်း။ သြော် ဒီနေ.ည သောကြာညများ ဖြစ်ခဲ့ရင်ဆိုပြီးလေ။ ဖြစ်မှမဖြစ်နိုင်ပဲနော်……
ကျနော့အလုပ်က တနင်္လာကနေ သောကြာအထိ ငါးရက်ထဲသာ။ နှစ်ရက်ပိတ်ခြင်းကို အခွင့်အရေးထူးတစ်ရပ်လို ပဲ အများကသတ်မှတ်ကြတာကိုး။ ဒါပေမယ့်နှစ်ရက်သာပိတ်တယ် ပိတ်တဲ့နှစ်ရက်က ဘယ်တော့မှ မလောက်ငှ။ ဖြစ်နိုင်ရင် လေး ငါးဆယ်ရက်ပိတ်လိုက်ချင်ပါတယ်။ ဒါပေမယ့် တရုတ်နှစ်ကူး လေးရက်ပိတ်တော့ လည်းမလောက်ပြန်ဘူး။ လူ.အလို တကယ်ကို ဘာမှလိုက်နိုင်မှာ မဟုတ်ဘူးလေနော့။
ကျနော့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းဟောင်းကတော့ အမြဲ happy Friday ဆိုတဲ့ sms ဒါမှမဟုတ် သူရွတ်နေကျ ဒန်တန်တန်ဆိုပြီး ပျော်နေတဲ့ ပုံအမြဲ ပြနေကြ။ အခုတော့ သူက ပို.စရာမလိုတော့ဘူးလေ။ ပြီးခဲ့တဲ့ သောကြာက ကျနော်က အဲဒီ sms လေးကိုပို.တော့ တချို. ကပျော်တယ်လို.ပြန်ကြသလို စနေဆင်းရတဲ့လူတွေကတော့ :( လို.ပြန်ကြပါတယ်။ ဟုတ်မှာပါ ကျနော် စနေဆင်းရတုန်းကလည်း အဲလိုပါပဲ။
ရုံးမှာတစ်ခေါက်ဆွေးနွေးကြတုန်းကလည်း တနင်္ဂနွေညရဲ့ သောကြာအလွမ်း ကိုကျနော်သာမက အစ်ကိုကြီးများကလည်း လွမ်းကြပါတယ်တဲ့။ အားလုံးလွမ်းကြတဲ့ အလွမ်းလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မကြာခင်မိနစ်ပိုင်းမှာ တနင်္လာနေ.ကို ကူးပြောင်းတော့မှာပါ။ နေ.သစ်မှာ စိတ်သစ်ခွန်အားသစ်နဲ. လုပ်ငန်းခွင်ကို ၀င်ပြီး နောက်တပတ်ရဲ့ တနင်္ဂနွေညရဲ့ သောကြာအလွမ်းကို လွမ်းဖြစ်အောင်ကိုလွမ်းနေမှာ…..

4 comments:

Anonymous said...

တနင်္ဂနွေည နဲ့  စနေအလွမ်း :) ညီ့အလုပ်က ၆ ရက်ဆိုတော့ စနေ နေ့ ညကိုလွမ်းတယ် ။

Unknown said...

Hey..before you write about me, ask for my permission...ok? heeheeeeee...Today is GOOD FRIDAY! Enjoy ur weekends!!!

Mogok Thar said...

ခုတော့ သောကြာ ညတွေက ပို တမ်းတစရာတွေ ဖြစ်နေဘီ။

Unknown said...

သောကြာအလွမ်းနေ့ လေးတွေ ရှိခဲ့တယ်
နောက်တပါတ်မှာ တင်ဒါပိတ်မယ်ဆိုရင်တော့
သောကြာရောက်မှာ ကြောက်မိတယ် အလုပ်မပြီးသေးလို့ 