26 June 2008

ကျနော်ပိုင်ဆိုင်သော မျက်နှာဖုံးများ


မယုံမရှိနဲ.ဗျ။ ကျနော်ပိုင်တဲ့ မျက်နှာဖုံးတွေ အားကြီးရှိတာ။ ဘုရားပွဲက ၀ယ်တာလား။ လုံးဝမဟုတ်ဘူး။ ကျနော်ကိုယ်တိုင် သေသေချာချာလုပ်ထားတာ။ ပေါ့သေးသေးတော့မထင်လိုက်ပါနဲ.။ တကယ်ကို အသုံးဝင်ပါတယ်…….
ငယ်ငယ်မွေးတုန်းကတည်းက မျက်နှာဖုံးပါတယ်လို. ပြောပါတယ်။ အခုတော့မရှိတော့ဘူးပေါ့ဗျာ။ အသက်ကြီးလာတာနဲ.အမျှ မျက်နှာဖုံးတွေက တိုးလာတာပေါ့ဗျာ။ ဘယ့်နဲ.ပြောရမလဲ။ အလှူမင်္ဂလာ ပွဲတက်တာကတစ်မျိုး၊ ဘုရားသွားကျောင်းတက်က တစ်သွယ်၊ စည်းရုံးရေးအတွက်က တစ်ဖုံ စုံအောင်စီစဉ်ထားရတာဗျ။ အဲဒါတွေက အထူးစပယ်ရှယ်နော့။ နေ.စဉ်ရိုးရိုးအတွက်လား မပူပါနဲ. ကိုယ်နဲ.မကွာဆောင်ထားတာက အမျိုး ခြောက်ဆယ်လောက်ပါပဲ။ ဗျာ နည်းသေးတယ်ထင်လို.လား လျှပ်တပျက် အတွက်လက်တကမ်းအကွာလောက်မှာ သုံးလေးဆယ်လောက်ရှိပါသေးတယ်။ အော် မိဘဘိုးဘွားပိုင်တွေလို.ထင်လို.လား ကျနော့ကိုများ အထင်သေးလိုက်တာဗျာ။ ကိုယ်ပိုင်ဗျ ကိုယ်ပိုင်။ ကျနော်သေသွားရင်ကော သားစဉ်မျိုးဆက် အမွေပေးရမယ်။ မဖြစ်နိုင်လိုက်တာများဗျာ ကိုယ်ဒူးကိုယ်ချွန် ကိုယ့် ဟာကိုယ်ထွင်မှပေါ့ဗျ။ လုပ်နည်းကိုင်နည်း ဟာ... အဲဒါ အဓိက သော့ချက်။ မိဘရှာဖွေတာကို အလိုက်သင့် နို.သက်ခံစို.တာမျိုး ကျနော်က အားမပေးဘူးဗျ။ ဘယ်အချိန်မှာ ဘယ်လိုပြောင်းရမလဲ ငှက်ပျောသီးအခွံနွှာသလောက်ကို လွယ်လွယ်လေး။ အလိုက်သင့်လေးပြောင်းသွားတာပါပဲ။ သူ.အရပ်နဲ.သူ.ဇာတ်ကတော့ ကွက်တိ။ လေ့ကျင့်မှု ဟား…ဟား…..ဟား…..တော်တော်ရီရတဲ့စကားလုံးဗျာ လုံးဝကိုမလိုအပ်တဲ့အရာပဲ။
ခင်ဗျားတို.ကစိတ်ဝင်စားတယ်။ ဟုတ်မှလဲလုပ်ပါဗျာ တော်တော်ကြာ အမြင်မတော်ဆင်တော်နဲ.ခလောက်ဖြစ်နေပါအုံးမယ်။ တစ်ခြားမဟုတ်ပါဘူးဗျာ ခင်ဗျားတို. ရဲ့ မျက်နှာဖုံးကို ခွာဖို.မေ့နေအုံးမယ်လို.ပြောမလို.ပါ……………..

5 comments:

ရွှေပြည်သူ (ShwePyiThu) said...

“မနေ့ညက မျက်နှာဖုံးတစ်ခု ကမန်းကတမ်း ကောက်တပ် လိုက်ရတယ်။ သတိရလို့ ကြည့်မိတော့ မျက်နှာဖုံးက ကိုယ်နဲ့တသားထဲတောင် ဖြစ်နေခဲ့ပြီ”... Gtalk မှာ status message အဖြစ် တင်ခဲ့ဖူးတဲ့ စာသားလေး အခု ကိုရွာသားလေးရဲ့ ပို့စ်ကို ဖတ်ရင်း သတိရသွားလို့ပါ။ ကျွန်မကတော့ ကိုရွာသားလေးလောက် မျက်နှာဖုံးမချမ်းသာတော့ တစ်ခုပဲရှိပါတယ်။ အခုတော့ မျက်နှာပေါ်မှာ မျက်နှာဖုံးတပ်ထားလား တပ်မထားလားတောင် ကိုယ့်ကိုကိုယ် မကွဲပြားတော့ပါဘူး ကိုရွာသားလေးရေ...

Anonymous said...

အလုပ်မှာ မျက်နှာဖုံးတစ်ခု
အပြင်မှာတစ်ခု
ဟိုလူတွေနဲ့ ဆက်ဆံ၇င်တစ်ခု ဒီလူတွေနဲ့ ဆက်ဆံရင်တစ်ခုနဲ့  ကိုယ့်ကိုယ်ကို မျက်နှာဖုံးတွေနဲ့  လူသားဖြစ်နေတယ်ဆိုတာ မေ့နေတယ် သတိပေးတာကျေးဇူးး ကျနော်လည်း အစ်ကို့ လောက်နီးနီးတော့ မျက်နှာဖုံးတွေ ချမ်းသာမယ်ထင်တယ်။

ကိုရုပ်ဆိုး said...

မျက်နှာဖုံး .... အင်း ... အခုအရွယ်အထိ ကိုယ့်ကိုယ်ကို မျက်နှာဖုံး ဘယ်နှခု ထုတ်သုံးခဲ့မိသလဲတောင် မမှတ်မိချင်တော့ဘူး။

Mogok Thar said...

ဘယ်မှာလဲ။ မျက်နှာဖုံးလဲမတွေ့ပါဘူး။

Unknown said...

လူ့ ပတ်ဝန်းကျင်ကပေးတဲ့ လက်ဆောင်တခုပဲ
မျက်နှာဖုံးအမျိုးမျိုးရှိတယ်ဆိုတော့ လိမ်မာပါးနပ်အစွမ်းအစရှိပြီး ပေးတဲ့လက်ဆောင်ကို အကျိုးရှိအောင်သုံးတတ်တဲ့
သူတယောက်လို့ သတ်မှတ်ရမယ်
ဖတ်ပြီးတော့ ငါ ဟာ ပေးတဲ့လက်ဆောင်တွေကို အကျိုးရှိအောင် အသုံးမချတတ်တဲ့လူတယောက်ပါလား
လို့ မှတ်ချက်ချမိတယ် (အင်း သူများ တပ်ပေးတာကိုပဲ ခဏတဖြုတ် တပ်ဖူးတယ်) ဘ၀မှာ မျက်နှာဖုံးက သိပ်အရေးကြီးတာပဲကိုး