03 June 2008

ကောင်းကင်.........

တစ်ချက်လောက်ဖြစ်ဖြစ်မော့ကြည့်လိုက်ပါ။ ကောင်းကင်တစ်ခုအသေအချာတွေ.ရမှာပါ။ ဒါပေမယ့် ကောင်းကင်ခြင်းတူချင်မှတူပါလိမ့်မယ်။ အောက်အရပ်နဲ. ရှမ်းပြည်က ကောင်းကင် တူတူပင်မယ့် အဆင်ကွဲနေပါတယ်။ ကောင်းကင်ကြီးဘာကြောင့်ပြာဆိုတာတော့ သိမယ်ထင်ပါတယ်။ ပတ်ဝန်းကျင်ရာသီဥတု ကို လိုက်ပြီး အရောင်အသွေး ခြားနာစေသလားပဲ။ ထုံးစံအတိုင်းသေသေချာချာ မသိတတ်တဲ့ ကျနော့အတွက်ကောင်းကင်ဆိုတာ…..
ကျနော့ဘ၀က ဟိုးအစွန်အဖျားကစခဲ့ရပါတယ်။ ၁၀တန်းတက်ဖို.မြို.ကအဒေါ်တွေ အိမ်မှာနေခဲ့ရတယ်။ ၁၀တန်းပြီးရင်ကျောင်းပြီးပြီလို.သတ်မှတ်တဲ့ အသိုင်းအ၀ိုင်းမှာ ဘာအကြောင်းကြောင့်မှ အင်ဂျင်နီယာဖြစ်လာစရာမရှိ။ ရွာပြန်ပြီးငါးဖမ်းလှေလိုက်မယ်ဆိုကာမှ ဂုဏ်ထူးနှစ်ခုနဲ.အောင်ပါသတဲ့။ အဒေါ်ကလည်းခိုင်းကောင်းလို.လားပဲ မြို.မှာကျောင်းတက်ဖို.ပြန်ခေါ်ခဲ့တယ်။ ကလေး ၂ ယောက်နဲ.ဗျာများနေတဲ့ အဒေါ်ကိုကူဖို.ရယ် ကျောင်းပြန်တက်ဖို.ရယ် မြို.ကိုပြန်ရောက်ခဲ့ရတယ်။
၂ နှစ်ကျောင်းတက်အပြီးမှာတော့ ကျောင်းကအစ်ကိုကြီးတွေက ရန်ကုန်မှာသွားတက်ဖို.အကြံပေးကြတယ်။ ဖြစ်နိုင်ပါ့မလားဗျာ မြို.ငယ်လေးကကျောင်းဆိုတာတောင် ကိုယ့်အတွက်အနိုင်နိုင်ရယ်။ ဒါပေမယ့်ဗျာ အတန်းထဲမှာ ၂ယောက်ထဲသာရှိတဲ့ကျောင်းမို. ကျနော်တို.ပြည်နယ်က မြို.တော်မှာ တက်ဖို.စာထွက်လာတယ်။ မကြာခင်မှာကျောင်းပြီးမှာပဲ ဆိုပြီး အမျိုးတွေ ခြစ်ခြုပ်ပေးတဲ့ ပိုက်ဆံထုပ်နဲ. လာခဲ့ရတယ် ။ ကျောင်း၂နှစ်ပြီးပြန်တော့ ကံဆိုးကံကောင်းလားပဲ ၀န်ထမ်းအစ်ကိုက ရန်ကုန်မှာတာဝန်ကျခဲ့သလို ကျနော် ကလည်းဘွဲ.ရတဲ့အထိနောက်ထပ် ကျောင်းတက်ခွင့်ရရှိပြန်ပါတယ်။
ကျောင်းပြီးလို. အလုပ်ရပါမလားလို.စိုးရိမ်စိတ်နဲ. ရှာဖွေရပြန်တယ် နာမည်ကြီးတဲ့ company တစ်ခုက ကျနော့ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့်ဗျာ အချုပ်အနှောင်တွေနဲ. ဗျာ။ အားလျော့မယ်လို.တော့မထင်လိုက်ပါနဲ. ဆက်ပြီး ကြိုးစားရင်း နောက်ထပ် နိုင်ငံခြား company တစ်ခုမှာ အလုပ်ရပြန်တယ် ပထမ company ကိုစာချုပ်ပါအတိုင်း လျော်ကြေးပေးပြီးထွက်ခဲ့တယ်ဆိုပါစို. ဗျာ။
အခုဆိုရင်ကျနော့လက်ရှိ company ရဲ့ အစီအစဉ်နဲ. ပုံစံမတူတဲ့ကောင်းကင်ပေါင်းများစွာ ကိုသွားလာနေရပြီ။ ကျနော့နောက်ကလူငယ်တွေကော ကောင်းကင်ကို တသမတ်ထဲမထားပဲ ပြောင်းလဲနိုင်မယ်ဆိုခဲ့ရင်……....

4 comments:

ကိုရုပျဆိုး said...

သူငယ်ချင်းရွာသားရေ ......
ကောင်းကင်ကြီးတခုအောက်ထဲမှာ ကြာရှည်ရပ်လာခဲ့တဲ့ လူတစ်ယောက်အနေနဲ့ သူငယ်ချင်းရဲ့ ပြောင်းလဲနေတဲ့ ကောင်းကင်မျိုးစုံကို ဖတ်မိလိုက်တော့ အင်အားတရပ် ရခဲ့သလိုပါပဲ (သေတော့ မသေချာသေးဘူးး) )အရောင်အမျိုးမျိုးနဲ့ လှပတဲ့ကောင်းကင်တွေကို စိတ်ကူးထက် လက်တွေ့ကျကျ ခံစားနိုင်ဖို့ ကြိုးစားမယ်ဗျာ။ ....... ကိုရုပ်ဆိုး

Anonymous said...

သူ့ ရဲ့ကောင်းကင်က ကြမ်းပေမယ့် လှပါတယ် ရှေးဆက်ပြီး ပိုပိုလှလာမယ်ထင်တယ် လှချင်ပေမယ့် မလှတဲ့ ကောင်းကင်နဲ့  တူတဲ့ သူတွေလည်း ရှိအုံးမယ်ထင်တယ်။

Mogok Thar said...

အင်၊ ကျောင်းတက်တုန်းက အဖြစ်ကလဲ တူနေပြန်သကိုး။ ကိုယ့်လဲ ငါးတန်းနဲ့ ခြောက်တန်း(နောက်ဆုံးနှစ်)ကို အမျိုးတွေ ထားပေးလို့ ကျောင်းပြီးခဲ့ရတယ်။

Unknown said...

ကိုယ့်ရဲ့ ကောင်းကင်က ဖေဖေဖြစ်ခဲ့လို့  ကောင်းကင်အောက်ကလူလို့ ပဲ ပြောပါရစေတော့