03 May 2008

မိမာတာ


အို ကြားရတဲ့စကားကို မယုံနိုင်ပါဘူး ကျမလက်မခံနိုင်ဘူး။ ရူးတယ်လို.ပဲပြောချင်ပြော လုံးဝလက်မခံဘူး။ ဒါဟာ ကျမရဲ့ နှစ်ရှည်လများ တမ်းမက်ခဲ့ရတဲ့ အိပ်မက်။ အိပ်မက်မှ လက်တွေ.ဖြစ်မယ်မကြံသေး ဖျက်လိုဖျက်ဆီး လုပ်ကြမယ်တဲ့လား။ မဖြစ်နိုင် လုံးဝကို မဖြစ် နိုင်ပါဘူး။ အခန်းအပြင်ကို ထွက်ငေး ကြည့်မိတယ် အဲဒီအတိုင်းတကယ် မဖြစ်ပါစေနဲ.ပေါ့ လက်ကိုဆိတ်ကြည့် မိတယ် နာကျင်မှုရဲ့နောက်မှာ ကျမဆောက်တည်ရာမဲ့ခဲ့ရတယ်။ အမှန်တရားကို ရင်ဆိုင်ဖို. အားမွေးရင်း ကြုံလာတဲ့ ကံကိုပဲယိုးမယ်ဖွဲ. ရမလားပဲ။
ဆရာဝန်ရဲ့စကားက နားထဲမှာ အထပ်ထပ်ကြားနေမိတယ်။ “ နှလုံးရောဂါ အခံရှိတဲ့ အပြင် စမ်းသပ်ချက်တွေအရ ကိုယ်ဝန်ဆိပ်ရှိမယ့် အနေအထားမို. ဒီကလေး (ကျမရဲ့ သားဦးလေးကို) မယူဖို. ။ ကိုယ ်ဝန်လနုနု မှာမို. ဒီကိုယ်ဝန်ကို ဖျက်ဆီးဖို. အကြံပေးပါတယ်တဲ့။” မွေးဖွားဖို.နီးလာတာနဲ.အမျှ ခံစားရမယ့်ဝေဒနာ တဖြည်းဖြည်း ပြလာမယ့် ရောဂါ အခြေအနေကို သမားတော်ကောင်းပီသစွာ အပိုအလိုမရှိပဲ စိတ်ရှည်လက်ရှည်ပဲ ရှင်းပြနေတယ်။ ကျမ ဘယ်နားနဲ.နားထောင်ရမလဲဟင်။ ကလေးရယ်ကံဆိုးလိုက်တာ လောကကြီးကို မရောက်ခင်ထဲက လက်မခံဖို.ပြောနေကြပြီ။
မိခင်ဘဝကို ရောက်ခါနီး ဘဝ၊ ကလေးချစ်တတ်တဲ့ ကျမအတွက် ကိုယ်ပိုင်ကလေးတစ်ယောက်ရခါနီးဘဝဆို တော့ ပျော်နေတဲ့ အပျော်တွေကြားထဲမှာ နွေခေါင်ခေါင် မိုးကြိုးပစ်လိုက်သလိုပါပဲ။ ကျမရဲ့ဆုံးဖြတ်ချက်ကို မိခင်တိုင်း ကြို တင်ရိပ်မိသိရှိနေမှာ ပါ။ ခေါင်းမာတဲ့ ကျမ အားလုံးနဲ. ဆန်.ကျင်ပြီး အသက်ကို ရင်းပြီး ဒီကလေးကို ယူဖို.ဆုံးဖြတ်ခဲ့ပါတယ်။ ရဲဝံ့စွာပဲ ဒီကိုယ်ဝန် နဲ. ပတ်သတ်သမျှ ဖြစ်ပျက်သမျှကို တာဝန်ယူပါ့မယ်ဆိုတဲ့ လက်မှတ်ကိုထိုး ပြီးဆေးရုံ ပေါ်ကဆင်းလာခဲ့ပါတယ်။
တဖြည်းဖြည်းနဲ.လရင့်လာတာနဲ.အမျှ ခံစားရတဲ့ဝေဒနာ ဆရာဝန်ရဲ့ ကြိုတင်သတိပေးချက်တွေဟာ ပိုမို မှန်ကန်လာကြောင်းသက်သေပြ နေကြပြီလေ။ဒါပေမယ့် နောက်ဆုတ်ဖို.တော့ ကျမမှာ Back Gear မရှိဘူး။ ဟင့်အင်းကျမ ရအောင်ကိုမွေး မယ်။ အမျိုးသားနဲ. ကျမရဲ့ မိဘမောင်ဘွားတွေကလည်း ကျမကို စိတ်ပူစွာပဲစောင့်ကြည့်နေကြတယ်။ကျမအမေလည်းနောက်ကွယ်မှာမျက်ရည်ကျနေပါလိမ့်မယ်။ မိခင်လောင်းတွေခံစားနေကြ ပုံမှန်ဝေဒနာတွေထက် ကျမခံစားခဲ့ရပါတယ်။
Due Date ပြည့်ခါနီးသောကြာနေ. တညနေမှာတော့ ကျမမီးဖွားမယ့် ဝေဒနာကိုစတင်ခံစား ရပါတော့တယ်။ တအိမ်လုံးပျာယာခတ်နေကြပြီး ကြိုတင်စီစဉ်ထားတဲ့အတိုင်းဆေးရုံကိုပို.လိုက်ကြပါတယ်။ ဆေးရုံအုပ်ကြီးနဲ.တကွ မေထရွန်တွေဝိုင်းနေတဲ့ ကျမ စနေနေ.ညနေ ရောက်တဲ့ထိမမွေးနိုင်သေးပါဘူး။ ရင်နှင့်အမျှခံစားရတာနဲ.အမျှ အားအင်တွေလည်း ဆုတ်ယုတ်လာခဲ့ပါပြီ။ နောက်ဆုံးကျမသေသွားသလိုပဲခံစားရပါတယ်။ မဲမှောင်နေတဲ့နေရာမှာ ကျမတစ်ယောက်ထဲ အကူအညီတောင်းဖို.ကြိုးစားပေမယ့် အသံထွက်မလာခဲ့ပါဘူး။ အဖြူနဲ.အမည်း ဘယ်အရာမှမသဲမကွဲဖြစ်နေတုန်းမှာ ကျမအသံတွေကိုပဲ ကြားနေရပါတယ်။ “ဆရာမလေးတဲ့ ငယ်ငယ်လေးပဲရှိသေးတယ် ကလေးမမွေးနိုင်လို. သေရတော့မယ်တဲ့၊ သနားပါတယ်တော် မိဘတွေတော့ ရင်ကျိုးတော့မှပဲ။” ဆိုတဲ့အသံ “ကဲ ကဲ လူနာရှင်တွေ လူနာမျက်နှာကို အသေအချာ ကြည့်ထားပါ” ဆိုတဲ့ အသံတွေကိုပဲ ကြားနေ ရပါတယ်။ ကျမအဖေရဲ့ ပိုက်ဆံကုန်ချင်သလောက် ကုန်ပလေ့စေ ကျနော့်သမီးအသက်ကို ကယ်ပါ ဆိုပြီး ဆရာဝန်ကြီးဆီမှာ သွားငိုတာ တွေ၊ ကျမအမျိုးသား ကဆေးရုံနံရံကို စိတ်မထိန်းနိုင်ပဲ လက်သီးနဲ.ထိုးတယ်ဆိုတာတွေ၊ ကျမရဲ့လက်ကသွေးတွေဆုတ်သွား ပြီဖြစ်တာမို. ခြေထောက်ကသွေးကြောတွေဖြတ်ပြီး သွေး ၃၂ ပုလင်းသွင်းနေရတယ်ဆိုတာတွေကို ကျမလုံးဝမသိရှိနိုင်ခဲ့ပါဘူး။ ဆေးရုံရောက်လို. ၃ ရက်မြောက်နေ.မှာတော့ သွေးပေါင်ချိန်မပြည့် နိုင်တော့တဲ့ကျမကို ကျမအမျိုးသားရဲ့ခွင့်ပြု လက်မှတ်နဲ. ဆရာဝန်ကြီးတွေခွဲစိတ်ဖို.ကြိုးစားခဲ့ပါတယ်။ ၈၀% သေဖို.ဘက်အားများနေခဲ့တာမို. မပြေးသော်ကန်ရာရှိ နောက်ဆုံး ကောက်ရိုးတမျှင်ကို ပဲဆွဲလိုက်ကြပါတော့တယ်။ မကြာမတင်မှာပဲ ဆရာဝန်ရဲ့ ညှပ်အဖျားမှာ ကျမရဲ့ အိပ်မက်လည်းဖြစ် အနာဂါတ်လည်းဖြစ်တဲ့ ရင်သွေးလေး ပါလာပါတော့တယ်။ မေ့မျောနေတဲ့ ကျမမှာ သတိရလိုက်တဲ့တချက်မှာ ညှပ်ရာဒဏ်ချက်တွေပါလာမလားလို.စိုးရိမ်ခဲ့မိပါသေးတယ်။ ၁၈ချက်သော သေရာပါချုပ်ရာတွေရ ရှိခဲ့ယုံသာမက မွေးဖွားပြီး ခြောက်လထိဆေး ရုံမှာပဲ နေခဲ့ရပြီး နောက်ခြောက်လအထိအောက်ပိုင်းသေ (သမားတော်ပြောထားခဲ့တဲ့အတိုင်းကို ဖြစ်သွားခဲ့တာပါ) သွားခဲ့ရတဲ့ ကျမကို အဲဒီဆုံးဖြတ်ချက်အတွက် နောင်တရခဲ့သလားလို.မေးခဲ့ရင် ကျမရဲ့ အဖြေကတော့……………….


အသက်ကိုစွန်.ပြီးရဲဝံ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ. မွေးဖွားပေးခဲ့တဲ့အမေ…….
အမေ့အတွက်ပြန်လည် အချိန်မပေးနိုင်ခဲ့သော…….
အမေ့ကိုနားလည်မပေးနိုင်ခဲ့သော…….
သားဆိုးလေးတစ်ယောက်……..
ထို.ထက်ပိုပြီး အဝေးရောက်သားဆိုးတစ်ယောက်မှ…(ကိုငှက်ကြီးအမေသီ်ချင်းခွေထဲကပါ)
မေလ ၁၁ ရက်နေ.မှာ ကျရောက်လာမယ့် Mother's Day အမှတ်တရဂါရဝပြု ကန်တော့လိုက်ပါတယ်။


Photo is copied from www.cartoonstock.com

3 comments:

Mogok Thar said...

ကိုယ် ဒီစာကို forward mail တစ်ခုမှာ ဖတ်လိုက်ရလေသလား. ညီပဲ ပြန်တင်လေသလား။ မှတ်မိတော့ဘူး။ ပြန်ဖတ်တော့လဲ မိဘမေတ္တာကို မျက်ရည်ဝဲအောင် ခံစားရတုန်း။ အမေ့ကို လွမ်းတယ်။

Anonymous said...

မိခင် တစ်ယောက်ရဲ့ မေတ္တာ .. မိဘမေတ္တာ ... တကယ်ကို အနှိုင်းမဲ့ပါတယ် ... မိခင်တစ်ယောက်ရဲ့ မေတ္တာကို ပီပီပြင်ပြင် သရုပ်ဖော်နိုင်စွမ်းတဲ့ ပို့စ်ကောင်းလေး တစ်ပုဒ်ပါပဲ ...
နေဒေးသစ်။

Unknown said...

ငယ်ငယ်ကတော့ စည်းကမ်းသိပ်ကြီးလွန်းတော့ မချစ်တတ်ခဲ့ဘူးလို့ ထင်ပေမယ့် အရွယ်ရောက်လာချိန်မှာ အားလုံးထက်ပိုပြီးနားလည်ချစ်မိတာ မေမေ့ကိုပါ ဖတ်ရင်း သတိယတယ် ငိုချင်တယ်