27 April 2008

က်ေနာ္နဲ.ျမိဳ.ၾကီးျပၾကီး

လေယာဉ်ကဆင်းဆင်းချင်း ကွာခြားမှုတွေကို သတိထား မိပါတယ်။ စတင် သတိထားမိတာကတော့ အေးမြမွှေးပျံ့တဲ့ သဘာဝမဟုတ်တဲ့လေ။ ပြီးတော့ လမ်းလျှောက်စရာ မလိုလောက်အောင် ရွေ.လျားနေတဲ့ စက်လှေကား။ များပြားတဲ့ လေယာဉ်အဝင်အထွက် စာရင်းကို မိနစ်ပိုင်းတိုင်း Update လုပ်ပေးနေတဲ့ LCD တွေရယ်ရွာကအမျိုးတွေကို ပြရရင် အံမခန်းပဲနော်ဆိုတဲ့ စကားမျိုး အခါတစ်ရာမက ကြားရမှာအသေအချာပဲ။

လာကြိုကြတဲ့ သူငယ်ချင်းတွေနဲ. ပြန်လည်တွေ.ဆုံရတဲ့ နေ.လေးတစ်နေ.ပါ။ ပန်းစည်းနဲ.လာကြိုနေလို. အပျော်တွေစွက်ခဲ့ကြတဲ့ အချိန်ကာလလေးပေါ့။ သူငယ်ချင်းတို့ရေ ကျေးဇူးပါနော်။

Bus ကားစီးဖို့ တန်းစီကြရပါတယ်။ စနစ်တကျ ဆောက်လုပ်ပေးထားတဲ့ ခုံတန်းလေး တွေမှာပေါ့။ ကားမစီးခင်မှာ သူငယ်ချင်းက ကားစီးရမယ့် နည်းလမ်းတွေ ပြောပြပါတယ်။ ကျနော်တို.ဆီမှာလို ပိုက်ဆံပေးပြီး စီးရတာမျိုးမဟုတ်ဘူးလေ။ အကြွေပေးစီးရင် စီး၊ ဒါမှမဟုတ် ကတ်ပြာလေး တခုကို Plastic board လေး ပေါ် တင်ပြီးစီး ရတယ်တဲ့ လေ။ ရွာကကြီးဒေါ်သာဆို ညည်းတို.ဟာကလည်းအေ မူမပါသာနဲ.နေမှာ (မူမပါသာဆိုတာ အညာလေသံပါ)။ ပိုက်ဆံတွေ အဲဒီကတ်ထဲမှာရှိသတဲ့လေ။ မယုံပါဘူး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲနော်။ ဒါပေမယ့် Bus car ကို အဲဒီကတ်ပြားလေးနဲ. စီးခဲ့ရတယ်။ ကြောက်ကြောက်နဲ. ဖြစ်ပမလားပေါ့ အလဲ့ သူဟာသူတော့ ဖြစ်သွားသားပဲ။ တီလို.တစ်ချက်မြည်ပြီး ရသွားတယ်လေ။

ကားပေါ်ကဆင်းတော့ရောက်သေးဘူးတဲ့လေ။ Taxi စီးဖို့ လက်ပြလို်ုက်ရုံပဲ။ Taxi ပေါ်ရောက်တော့ ခါးပတ်ကြိုးတတ်ရမယ်တဲ့လေ။ စည်းကမ်းကလည်းအများသား။ Bangkok ခရီစဉ်တုန်းက အဖြစ်အပျက်လေး ကိုမြင်ယောင်ပြီး ပြုံးစစ ဖြစ်နေမိပါတယ်။ Bangkok က taxi မောင်းတဲ့ အမျိုးသမီး က ခါးပတ်ပတ်ပါ လို.ပြောတာကို ပိုက်ဆံပိုတောင်းတယ် ထင်နေမိတာ (Baht လို.ပဲကြားတာကို နော် အူတာ နတာ English ညံ့ဖျင်းတာ မပေါ်အောင် ဆင်ခြေပေးတာ) ။ ကားပေါ်မှာလမ်းကြောင်းတွေ စိတ်ရှည်လက်ရှည် ရှင်းပြနေတဲ့ သူငယ်ချင်းကိုငေးကြည့်ရင်း လိုက်လာမိတယ်။ ကိုယ်ကမမှတ်နိုင်အောင်ဉာဏ်နည်းတယ်ဆို တာသူမေ့နေပြီထင်တယ်။ အင်းလေ ၃နှစ်တောင်ရှိခဲ့ပြီပဲ။ အခန်းက ၇ ထပ်မှာထင်တယ် တော်တော်လေး လျှောက်ရသေးတယ်။ အိမ်ကိုဖုံးဆက်အပြီးမှာတော့ အိပ်ဖို့ ကြိုးစားကြည့်သေးတယ်။ အချိန်ကွာခြားချက်ပဲလား စိတ်လှုပ်ရှားလို.လား အများပြောကြတဲ့ အိပ်ရာပြောင်းတာကြောင့်လား အိပ်လို.ပျော်ခဲ့ဘူးလေတော်တော်နဲ့။

နောက်တနေ့မှာတော့ သူငယ်ချင်းတယောက်ရဲ့ မွေးနေ.ပွဲကို သူငယ်ချင်း အားလုံးနဲ့ဆုံဖို့ သွားဖြစ်ခဲ့ပါတယ်။ ပြီးတော့မှ သူတို့လိုက်ပို့တဲ့ နေရာလေးတွေပေါ့။ အိမ်ပြန်အရောက်မှာတော့ လုပ်ငန်းစဖို့ ပြင်ရပါတော့တယ်။ အဲဒါကတော့ အလုပ်လျှောက်ဖို့ ကိုယ်ရေးရာဇဝင်(ကိုကြီးငဲ သီချင်းမဟုတ်ပါ) ပြင်ဆင်ရပါတယ် First Impression ဆိုတော့လည်း တတ်စွမ်းသလောက်ပေါ့ ဒါမှInterview ခေါ်မှာဆိုတော့လည်း လုပ်ထားမှ။ စလျှောက်တုန်းက Interview တွေမရဘူးဗျ။ သူငယ်ချင်းတွေနဲ့ စစ်ခိုင်းကြည့်တေ့ာမှ Yahoo email ရဲ. Problem ဆိုတာတွေ့ ရတော့တယ်။ ကျနော်. Attachment တွေကို ဖွင့်လို့ မရမှန်းသိလိုက်ရချိန်က တပတ်အကြာမှာပါ။

နောက်တပတ်မှာတော့ Interview နှစ်ခုကို တရက်ထဲမှာရရှိခဲ့ပါတယ်။ ပထမဆုံးခြေလှမ်း (မကြီးတင်ဇာမော် သီချင်းဟုတ်ဘူးလေ) ကို ယုံကြည်ချက်တွေ အပြည့်နဲ့ပေါ့။ တကယ်တော့ အဲဒီအလုပ်တွေမရခဲ့ပါဘူးလေ။ ၁၃ခုလောက်ဖြေအပြီး အလုပ်တခုတော့ ကံကောင်းထောက်မရရှိ ခဲ့ပါတယ်။ ကျနော့်သူငယ်ချင်းရဲ့ အားပေးစကားအရဆိုရင် ၁လထဲနဲ့ အလုပ်ရမယ်ထင်ခဲ့တာကိုးတဲ့ ဒီကိုအထင်သေးတာကိုးတဲ့။ ဟုတ်တယ်နော် ကျနော် လွယ်လွယ်ရမယ် ထင်ခဲ့သလားမသိ။ ၁လ ပြည့်ဖို. ၂ ရက်လောက်အလို မှာတော့ သူငယ်ချင်း က ICA မှာ ကိုယ်တိုင်လိုက် သက်တမ်းတိုးပေးလို့ နောက် ၁လ အောင်မြင်စွာ ရရှိခဲ့ပါတယ်။

အသေအချာပဲ မသိလို.လား မှားယွင်းရွေးချယ်ခဲ့သလား company ၁ခုကကျနော့်ကို ရွေးချယ်ခဲ့ပါတယ်။ Weighing machine company ပါ။ Title က တော့ Service engineer တဲ့။ လစာကတော့အနှိမ်ခံလစာနဲ့ပါ။ OT ပေးမယ် ခံစားခွင့်တွေ ရှိတယ်ပေါ့ဗျာ။ ချက်ချင်းလက်မခံသေးပဲ ၂ပတ်လောက်စောင့်ခဲ့ပေမယ့် အဲဒီအလုပ်နဲ့ပဲ ကံစပ်တယ်ထင်တယ်။ Monday မှာ Spass application ကို online က နေ တင်ပေးလိုက်ပါတယ်။ Thursday မနက်ခင်းမှာတော့ ph call တခုစောစီးစွာ ရရှိခဲ့ပါတယ်။ ကျနော့် Spass approved ဖြစ်သွားပြီတဲ့ ရုံးကို အခုချက်ချင်းလာခဲ့ပါတဲ့လေ။ ရေကမန်းကတမ်းချိုးပြီး MRT ကိုပြေးရတယ်။ MRTမှာ Card ပြားလေးထဲကို ပိုက်ဆံ ထည့်ဖို့ကြိုစားမိတယ်။ ကိုယ့်မှာရှိနေတဲ့ ၅ ဒေါ်လာကိုထည့်ကြည့်တယ်။ ပြန်ထွက်လာတယ်လေ။ ပိုက်ဆံကို ဟိုဖြန့်ဒီဖြန့်လုပ်ပြီး ပြန်ထည့် ကြည့်တယ်။ ရဘူးဗျ ပြန်ထွက်လာတယ်။ တောသားတော့ အခက်တွေ့နေပြီ။ စိတ်လျှော့ပြီး customer service မှာပဲ ထည့်ခိုင်းရတော့တယ်။ နောက်မှသိရတာက ၁၀ဒေါ်လာ အနည်းဆုံး ထည့်ရမယ်တဲ့လေ။ ဟဲ ဟဲ အဲလောက်ကိုနုံတာပါဆို။

Company ကိုရောက်တော့ ဆေးစစ်ဖို့စာရွက်တွေ ထုတ်ပေးပြီး မြန်မြန်ထက်ထက် စစ်ခိုင်းပါတော့တယ်။ တကယ်တမ်းသူတို့ လျှောက်ပေးခဲ့တဲ့ Post က Assistant Engineer Post ပါ။ တည်မိတဲ့ ဘုရား ဘာပဲနားနားပေါ့ဗျာ။ တကယ်တော့ အလုပ်စဖို့ အဆင်သင့် မဖြစ်သေးဘူးလေ။ အလုပ်နဲ့နီးတဲ့ အိမ်ရှာရအုံးမယ်လေ ပြီးရင်အိမ်ပြောင်းရမှာပေါ့။ စာရွက်စာတမ်းတွေ စပေးကတည်းက Admin က ပြောပါတယ် Passport သက်တမ်းတိုးရမယ်ထင်တယ်တဲ့။ ကျနော်ငြင်းခဲ့တယ် အို မဖြစ်နိုင်ဘူး သက်တမ်းတိုးရင် ပိုက်ဆံပေးရမှာလေ။ အလုပ်မစရသေးဘူး ပိုက်ဆံပေးရမယ်ဆိုတော့ မပေးချင်ဘူးပေါ့ဗျာ ရှိမှ မရှိတာကိုး။ MOM Officer ကလည်း တကယ်ပဲ သက်တမ်းတိုးခိုင်းခဲ့ပါတယ်။ မရှိမဲ့ရှိမဲ့ Passport သက်တမ်းတိုးဖို့ ၃၀၀ ရယ် အခွန် ၆လစာရယ်နဲ့ ဝမ်းနည်းမှတ်တမ်းစာရင်း ဝင်သွားပါတော့တယ်။ စိုင်းစိုင်းရေ စကားလေး ခဏသုံး ပရစေနော်။ အားလုံးပြီးလို့ Office ကို ဖုန်းခေါ်တော့ မနက်ဖြန်အလုပ်လာဆင်းရမယ်တဲ့။ မဆင်းချင်ဆင်းချင်နဲ့ သွားဆင်းရပါတယ်။ စဆင်းကာစ ၂ ရက်ကတော့ ထိုင်ခိုင်းထားတာပေါ့နော်။ ရုံးကအစ်ကိုကြီးတစ်ယောက်ရဲ့ ဖားပုံပြင်ထဲကလိုပေါ့ (Philipine မဟုတ်ပါ) သူပုံပြင်လေး က ဖားတွေကို ရေထည့်ထားတဲ့ အိုးလေးထဲ ထည့်ထားပေးတယ်တဲ့ ဖားတွေကလဲ ပျော်ရွှင်နေတာပေါ့နော် ပြီးမှမီးဖိုပေါ်တင်ပြီး မီးအေးအေးလေး နဲ့ နွေးတေးတေးလေး ဖြစ်လာတော့ ရေပူရေအေးရတဲ့ Five star hotel ဆိုပြီးပျော်နေမှာပေါ့ တော်တော်လေး မီးအရှိန်တက်လာတော့ ဖားတွေပြန်ထွက်လို့ မရတော့ဘူးတဲ့လေ။ အဲလို််မျိုး

ရွာသားလေးရဲ့နောက်ဆက်တွဲ ဖားဘဝလေးကို ဆက်ရေးပါအုံးမယ်နော်။
photo is copy from goggle search!

3 comments:

Anonymous said...

စိတ်လှုပ်ရှားဖို့ ကောင်းတယ်း) ကာယကံရှင်တော့မသိဘူးး ။ အဆင်ပြေပြေနဲ့ြိငိမ်းချမ်းနေတဲ့ အစ်ကို့ ကို အားကျတယ် ။

Mogok Thar said...

ဖားကလေး ပြုတ်ထားတာ ကျက်ပီလားမသိ။ ကိုက ဖားပြုတ်တော့ မကြိုယ်ဘူး။ ဖားကင်တော့ ကြိုက်တယ်။
(နောက်တာ)
ဖားကလေး ပြုတ်ခံရလား။ ကင်ခံရလား။ ရေကန်သာထဲ လွတ်ပြေးသွားလား။ ဆက်ဖတ်လိုင်ဦးမယ်။

Unknown said...

အင်း ရောက်တဲ့ညမှာ တကယ်ခံစားမိတာကတော့ အရမ်းဝမ်းနည်းမိတာပဲ အိမ်ကိုလွမ်းလို့ လား လုံးဝမဟုတ် လာကိုလာရမယ်ဆိုတာသိတော့ မလွမ်းဘူး ဒါဆိုဘာကိုခံစားတာလဲဆိုတော့ ရန်ကုန်လောက်ပဲရှိတဲ့ စင်ကာပူမှာ သစ်ပင်ပန်းပင်တွေနဲ့ ဝေေ၀ဆာဆာဖြစ်နေတာရယ် မီးတွေလင်းတာရယ် ခြင်ဆိုတာမရှိတာရယ်ကို လက်တွေ့ ကြုံတော့ မြန်မာက လူတွေအတွက် ဒေါသသင့်တဲ့ဝမ်းနည်းခြင်းတခုပဲ အလုပ်ကတော့ ဆင်းရဲဇာတာပါတယ် ခုရောက် သဘက်ခါအလုပ်ရပဲ (ဖားတကောင်ဆိုရင် ခုထိတော့ ရေပူရေအေးရတဲ့ five star hotel) ပဲ